ဗစ်တာရိုကေးအားခေါ်ယူရန် လာဇီယိုအသင်း ကမ်းလှမ်း

ဗစ်တာရိုကေးအားခေါ်ယူရန် လာဇီယိုအသင်း ကမ်းလှမ်း
Photo: Getty Images
Photo: Getty Images
Published 1 August 2024

ဘာစီလိုနာလူငယ်တိုက်စစ်ကစားသမား ဗစ်တာရိုကေးအား ခေါ်ယူရန် စီးရီးအေကလပ် လာဇီယိုအသင်းက ကမ်းလှမ်းခဲ့ကြောင်း သိရှိရသည်။

အသက် (၁၉)နှစ်အရွယ်ရှိ ဘရာဇီးလ်လူငယ်တိုက်စစ်ကစားသမား ဗစ်တာရိုကေးသည် ၂၀၂၄ ဇန်နဝါရီကမှ ဘာစီလိုနာအသင်းသို့ ရောက်ရှိလာခဲ့သူ ဖြစ်သည်။

၎င်းသည် နည်းပြ ဇာဗီလက်ထက်တွင် ပွဲကစားခွင့်ရရန်ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ (၁၆)ပွဲကစားခဲ့ရကာ အများစုမှာ လူစားဝင်အဖြစ်သာ ကစားခွင့်ရခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းတွင် နည်းပြအပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး လက်ရှိနည်းပြ ဟန်ဆီဖလစ်ခ်လက်ထက်တွင်လည်း ဗစ်တာရိုကေးမှာ ပွဲကစားခွင့်ရရန် ရုန်းကန်ရဖွယ်ရှိကြောင်း မီဒီယာများက ဖော်ပြနေကြသည်။

ယခုအခါ လာဇီယိုအသင်းက ဗစ်တာရိုကေးအား ခေါ်ယူရန် ယူရိုသန်း (၂၀) ဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး အနာဂတ်တွင် ၎င်းကိုရောင်းချခဲ့ပါက (၅၀)ရာခိုင်နှုန်းပေးမည်ဟုပါ ကတိပေးခဲ့ကြောင်း သိရသည်။

ဘာစီလိုနာသည် ရိုကေးကို ခေါ်ယူစဉ်က ယူရိုသန်း (၃၀) ပေးခဲ့ရသည်။ 

Most Read

Most Recent