"ကျွန်တော် ဘယ်လောက်ကောင်းကောင်းကစားနိုင်သလဲဆိုတာကို ကွင်းထဲမှာ မြင်ရမှာပါ"

"ကျွန်တော် ဘယ်လောက်ကောင်းကောင်းကစားနိုင်သလဲဆိုတာကို ကွင်းထဲမှာ မြင်ရမှာပါ"
Photo : Arsenal
Photo : Arsenal
Published 1 August 2024
Hein Maung Maung

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက အငှားခေါ်ထားတဲ့ ဂိုးသမား ရာယာကို အပြီးသတ်ခေါ်ယူပြီးနောက် အခုရာသီ ဒုတိယမြောက်ကစားသမားသစ်အဖြစ် ဘိုလော့ဂ်နာအသင်းက အီတလီလက်ရွေးစင်အသင်းနောက်ခံလူ ကာလာဖီအိုရီကို ငါးနှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ကာလာဖီအိုရီရဲ့ ပြောင်းရွှေ့ကြေးဟာ ယူရိုသန်း (၄၀)နဲ့ Add-ons ကြေး ယူရို (၅)သန်းဖြစ်ပါတယ်။ သူဟာ ဘယ်နောက်ခံနေရာသာမက နောက်ခံအတွင်းလူအဖြစ်ပါ ကစားနိုင်ပြီး အစောပိုင်းက ဘယ်တောင်ပံမှာ ကစားခဲ့ပါတယ်။ သူ့ရဲ့ပြောင်းရွှေ့ကြေးက အာဆင်နယ်အသင်းသမိုင်း တစ်လျှောက် ကစားသမားသစ်ခေါ်ယူမှုတွေထဲမှာ အဆင့် (၁၀)နေရာမှာရှိခဲ့ပြီး နောက်ခံလူတွေထဲမှာတော့ ဘင်ဝှိုက်ပြီးနောက် ဒုတိယအမြင့်ဆုံးဖြစ်လာခဲ့တယ်။ နောက်ခံလူသစ် ကာလာဖီအိုရီရဲ့ မိတ်ဆက်ပွဲအပြီး စကားသံတချို့ကို ဖော်ပြပေးလိုက်ရပါတယ် . . .

 

Most Read

Most Recent