မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီအား ရီးယဲလ်သို့ပြောင်းရွှေ့လာရန် စပိန်အသင်းဖော် ကာဗာဟယ်လ် တိုက်တွန်း

မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီအား ရီးယဲလ်သို့ပြောင်းရွှေ့လာရန် စပိန်အသင်းဖော် ကာဗာဟယ်လ် တိုက်တွန်း
Photo: Getty Images
Photo: Getty Images
Published 13 July 2024

 

ရီးယဲလ်အသင်း၏ စပိန်နောက်ခံကစားသမား ကာဗာဟယ်လ်က လက်ရွေးစင်အသင်းဖော်ဖြစ်သည့် မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီအား ရီးယဲလ်အသင်းသို့ပြောင်းရွှေ့လာရန် တိုက်တွန်းနေကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

ရီးယဲလ်အသင်းသည် ဘောလုံးသမားဘဝမှ အနားယူသွားသည့် ဂျာမန်ကွင်းလယ်ကစားသမား တိုနီကရို့စ်၏နေရာတွင် အစားထိုးရန်အတွက် ယခုနွေတွင် ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း သတင်းထွက်ပေါ်နေသည်။ ယခု အခါ ကာဗာဟယ်လ်က စပိန်အသင်းဖော်ဖြစ်သည့် မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီအား ၎င်းကစားနေသည့် ရီးယဲလ်အသင်းထံသို့ ပြောင်းရွှေ့လာရန် နားချနေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ကာဗာဟယ်လ်က "ရိုဒရီကို ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့လာဖို့ ကျွန်တော် နေ့တိုင်းပြောလေ့ရှိပါတယ်။ နေရောင်မမြင်ရတဲ့ အင်္ဂလန်မှာ ဘာလုပ်မှာလဲ။ မန်စီးတီးကထွက်ပြီး ရီးယဲလ်မက်ဒရစ်ကို လာခဲ့စမ်းပါ။ ဘာလို့လဲဆိုတော့ ငါတို့ မင်းကိုလိုအပ်တယ်။ မင်းကို မက်ဒရစ်မှာပဲ ရှိစေချင်တယ်လို့ သူ့ကို ကျွန်တော် ပြောလေ့ရှိပါတယ်။ သူကလည်း အေးပါကွာ ကောင်းပါပြီ။ ဒါပေမဲ့ မန်စီးတီးအသင်းနဲ့ စာချုပ်ချုပ်ထားတာ ရှိသေးတယ်။ အဲဒီစာချုပ်မှာ လျော်ကြေးတွေ ဘာတွေလည်း မပါဘူးလို့ ရိုဒရီက ကျွန်တော့် ကို ပြန်ပြောပါတယ်။ ဒါပေမဲ့ ရိုဒရီကို ရီးယဲလ်ကို လာစေချင်ပါတယ်။ သူဟာ ရီးယဲလ်နဲ့ လုံးဝအံဝင်မယ့်ကစားသမားဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

အသက် ၂၈ နှစ်အရွယ်ရှိ ရိုဒရီသည် မန်စီးတီးအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာ ချုပ်သက်တမ်းရှိနေသည်။ မန်စီးတီးအသင်း အနေဖြင့် ၎င်းကို ရောင်းထုတ်လိုခြင်းမရှိကြောင်းလည်း သိရှိရသည်။ 

Most Read

Most Recent