စီရော်နယ်လ်ဒိုရဲ့ နောက်ဆုံးယူရို

စီရော်နယ်လ်ဒိုရဲ့ နောက်ဆုံးယူရို
Photo : AFP
Photo : AFP
Published 17 June 2024
Wai Yan Aung

စီရော်နယ်လ်ဒိုက အသက်(၃၉)နှစ်ရှိပါပြီ။ ဒါကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွှဲနိုင်ဦးမယ်ဆိုရင်တောင် နောက်(၄)နှစ်ကြာမှ ကျင်းပမယ့် ယူရို-၂၀၂၈ ပြိုင်ပွဲကိုတော့ ဆင်နွှဲနိုင်မှာမဟုတ်တော့ပါဘူး။ ဒါကြောင့် အခု ယူရို-၂၀၂၄ က သူ့အတွက် နောက်ဆုံးယူရိုပြိုင်ပွဲဖြစ်လာမှာ သေချာနေပါတယ်။ အမြဲတမ်း ရှေ့ဆက်မယ့်စကားကို သာတက်ကြွစွာပြောဆိုတတ်လေ့ရှိတဲ့ စီရော်နယ်လ်ဒိုကိုယ်တိုင်လည်း အခုတော့ ဘောလုံးကစားရမယ့်အချိန်တွေ သိပ်များများစားစားမကျန်တော့ကြောင်း ဖွင့်ဟဝန်ခံခဲ့ပါပြီ။ "ကျွန်တော့်မှာ ဘောလုံးဆက်ကစားဖို့ အချိန်အများကြီးမရှိတော့ဘူးဆိုတာ သိပါတယ်။ အသက်(၃၅)နောက်ပိုင်း ဘောလုံးကစားရတဲ့ နှစ်တိုင်းက ဆုလာဘ်တွေပါပဲ။

 

Most Read

Most Recent