■ FPL တွင် ဟာလန်း၏တန်ဖိုး စံချိန်တင်အဖြစ် ပေါင် (၁၅) သန်း သတ်မှတ်ခံရ

■ FPL တွင် ဟာလန်း၏တန်ဖိုး စံချိန်တင်အဖြစ် ပေါင် (၁၅) သန်း သတ်မှတ်ခံရ
Photo: Getty Images
Photo: Getty Images
Published 12 July 2024

မန်စီးတီးအသင်းတိုက်စစ်မှူး အာလင်း ဟာလန်းသည် ၂၀၂၄-၂၀၂၅ ရာသီ Fantasy Premier League(FPL) တွင် စံချိန်တင်အဖြစ် ပေါင် ၁၅ သန်း သတ်မှတ်ခံထားရကြောင်း သိရသည်။

FPL မှာ ပရီးမီးယားလိဂ်၏ တရားဝင် ဂိမ်းပြိုင်ပွဲဖြစ်ပြီး ပါဝင်ကစားသည့် မန်နေဂျာတစ်ဦးအနေဖြင့် ဘတ်ဂျက်ပေါင်သန်း (၁၀၀) ရရှိကာ ကစားသမား (၁၅) ဦးခေါ်ယူရန် ခွင့်ပြုထားသည်။ 

၂၀၂၄-၂၀၂၅ ရာသီအတွက် တန်ဖိုးအမြင့်ဆုံးအဖြစ် ဟာလန်းက ပေါင် (၁၅) သန်း သတ်မှတ်ခံထားရခြင်းဖြစ်ပြီး ၎င်းကိုယ်တိုင်အပါအဝင် အွန်နရီ၊ ဗန်ပါစီနှင့် စီရော်နယ်လ်ဒိုတို့ တင်ရှိထားသည့် ပေါင် (၁၄) သန်းစံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။ 

ဟာလန်းသည် ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၃၁) ပွဲကစား၊ (၂၇) ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု (၅) ကြိမ်ပြုလုပ် နိုင်ခဲ့ပြီး ရမှတ် (၂၁၇) မှတ်ရရှိခဲ့သည်။

 

Most Read

Most Recent