ငါးဖမ်းရာသီ ရောက်ရှိနေပြီဖြစ်သော်လည်း ငါးရရှိမှု၊ ဈေးကွက်၊ အထွက်စရိတ်များ ချိန်ဆနေရသဖြင့် တနင်္သာရီတိုင်းအတွင်းရှိ ငါးဖမ်းလှေကြီး ရာခိုင်နှုန်း ၅၀ သာ လုပ်ငန်းခွင်ဝင်နေကြောင်း သိရ

ငါးဖမ်းရာသီ ရောက်ရှိနေပြီဖြစ်သော်လည်း ငါးရရှိမှု၊ ဈေးကွက်၊ အထွက်စရိတ်များ ချိန်ဆနေရသဖြင့် တနင်္သာရီတိုင်းအတွင်းရှိ ငါးဖမ်းလှေကြီး ရာခိုင်နှုန်း ၅၀ သာ လုပ်ငန်းခွင်ဝင်နေကြောင်း သိရ
Published 16 July 2024

 

ငါးဖမ်းရာသီရောက်ရှိနေပြီဖြစ်သော်လည်း ငါးရရှိမှု၊ စျေးကွက်၊ အထွက်စရိတ် များကို ချိန်ဆနေရသဖြင့် တနင်္သာရီ တိုင်းဒေ သကြီးအတွင်းရှိ ငါးဖမ်းလှေကြီး ၅၀ ရာခိုင် နှုန်းခန့်သာ လုပ်ငန်းခွင်ဝင်နေကြောင်း သိရ သည်။

မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းရာ သီမှာ ဇူလိုင်လတွင် စတင်ပြီဖြစ်သော်လည်း ငါးဖမ်းလှေကြီးထက်ဝက်ခန့်မှာ ပင်လယ်ပြင် တွင် ငါးရရှိနိုင်မှု၊ ထိုင်းနိုင်ငံမှ ပေးနိုင်သည့် ငါးစျေကွက်အနေအထား၊ လှေတစ်စင်းပင် လယ်ပြင်သို့ အထွက်စရိတ်များ ချိန်ဆနေကာ စောင့်ကြည့်နေရသည့်အနေအထားဖြစ်နေကြောင်း လုပ်ငန်းရှင်များက ပြောကြားသည်။

လက်ရှိ ဒီဇယ်ဆီတစ်ပီပါပေါက်စျေး ခုနစ်သိန်းရှစ်သောင်းရှိတယ်။ ရေခဲက ပေါင် ၃၀၀ တစ်တုံးကို သောင်းချီစျေးရှိနေတယ်။လှေသားတွေအတွက် စားနပ်ရိက္ခာတွေတွက် လိုက်ရင် ငါးဖမ်းလှေကြီးတစ်စင်း ပင်လယ်ပြင် ကို ထွက်မယ်ဆိုရင် ကျပ်သိန်းတစ်ထောင်    ကျော် ကုန်ကျမယ်။ ပင်လယ်ထဲမှာ ရရှိလာမယ့် ငါးတွေက အထွက်စရိတ် ကာမိပါ့မလား။ ထွေထွေစရိတ်တွေ ရှိသေးတယ်။ နောက်ပြီး ရာသီဥတုအနေအထား မကောင်းသေးဘူး။မိုးတွင်းဆိုတော့ မုန်တိုင်းတွေ လာနေတယ်။လှိုင်းလေကြီးပြီး ကျွန်းတွေခိုနေရရင် အလုပ် ချိန်မရှိတော့ဘူးလေ။ ထိုင်းက ငါးစျေးတွေ ကို ဘယ်လိုကစားဦးမလဲဆိုတာကလည်း ရင်တမမပါပဲ။ ဒါကြောင့် ကျွန်တော်တို့က တော့ နောက်လတွေမှာပဲ အခြေအနေကြည့် ပြီး လုပ်ငန်းခွင်ဝင်ဖို့ စီစဉ်ထားပါတယ်ဟု မြိတ်မြို့မှ ငါးဖမ်းလှေလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ငါးသားပေါက်ရာသီမှာ ဧပြီ၊ မေနှင့် ဇွန်လများ ကို သတ်မှတ်ထားခဲ့ပြီး ဇူလိုင်လမှစတင်ကာ ငါးဖမ်းရာသီ သတ်မှတ်ပေးထားခြင်းဖြစ် ကြောင်း သိရသည်။

၀ါလတ်လှေကြီးတွေ ဇွန်လမှာ ငါးဖမ်း ဆီးခွင့်တောင်းခံခဲ့တဲ့အတွက် ၃၀ ရာခိုင်နှုန်း ဖမ်းဆီးခွင့်ရခဲ့ကြတယ်။ အခုဇူလိုင်လမှာတော့ ရာနှုန်းပြည့်ငါးဖမ်းဆီးခွင့်ရပြီဖြစ်ပေမဲ့ စျေး ကွက်အနေအထား၊ အထွက်စရိတ်၊ ငါးရရှိမှု အနေအထားတွေကိုကြည့်ပြီး ချိန်ဆနေကြ တာဖြစ်တယ်။ ဇူလိုင်လမှာ ပင်လယ်ပြင်ကို ထွက်ခွာကြတဲ့ ငါးဖမ်းလှေကြီးတွေက ၅၀ ရာခိုင်နှုန်းလောက်ပဲရှိလိမ့်မယ်။ ကျန်တဲ့လှေ တွေကတော့ အခုနပြောသလို အခြေအနေ ကြည့်နေကြတုန်းပါ။ ရေလုပ်သားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ထည့်တွက် ပြီး လုပ်ငန်းခွင်ဝင်နေရတဲ့လှေတွေလည်း ရှိ ပါတယ်။ ဆိပ်ကမ်းကို ပြန်ဝင်လာကြရင် နေအထားတစ်ခုတော့ သိရပါလိမ့်မယ်။ အခု တော့ မှန်းဆလို့မရသေးဘူးဟု ၀ါလတ်လုပ် ငန်းရှင်တစ်ဦးက ပြောကြားသည်။

မြန်မာ့ပင်လယ်ပြင်တွင် ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ မွန်နှင့် တနင်္သာရီငါးဖမ်းကွက်များရှိ ကြပြီး တနင်္သာရီငါးဖမ်းကွက်တွင် ကမ်းဝေး ငါးဖမ်းလှေကြီး ၁၅၀၀ ခန့်ရှိကြောင်း သိရ သည်။

ဇော်မိုးဦး (မြိတ်)

Most Read

Most Recent