မိုး ရက်ဆက်ရွာသွန်းမှုကြောင့် မြဝတီနယ်စပ် ခရီးသွားယာဉ်များ ယာယီရပ်ဆိုင်းထားပြီး ဒေါနတောင်ခြေတွင် ယာဉ်အချို့ပိတ်မိနေ

မိုး ရက်ဆက်ရွာသွန်းမှုကြောင့် မြဝတီနယ်စပ် ခရီးသွားယာဉ်များ ယာယီရပ်ဆိုင်းထားပြီး ဒေါနတောင်ခြေတွင် ယာဉ်အချို့ပိတ်မိနေ
Published 30 May 2024

မိုးရက်ဆကရွာသွန်းနေခြင်းကြောင့် မြန်မာ- ထိုင်းနယ်စပ် မြဝတီမြို့ ဗဟိုပြုပြီး သွားလာနေသော ခရီးသည် ပို့ဆောင်ရေး ယာဉ်များ ရပ်ဆိုင်းထားသလို ဒေါနတောင် ခြေတွင် ပိတ်မိနေသော မော်တော်ယာဉ် များစွာရှိကြောင်း ခရီးသည် ပို့ဆောင်ရေး ယာဉ်လိုင်းများထံမှ သိရသည်။

ရန်ကုန်မှ မြဝတီနယ်စပ်မြို့သို့ ထွက်လာသော ကားများ ထို့ကော်ကိုးဘက်ခြမ်း တောင်ခြေတွင် ပိတ်မိနေသလို မြဝတီ- ကျော်ခို့ ဘက်ခြမ်း တောင်ခြေတွင် ပိတ်မိနေသော ကားများရှိပြီး ယခုရက်ပိုင်းတွင် ယာဉ်လိုင်းမထွက်ဘဲ ရပ်ဆိုင်ထားကြောင်း မြဝတီ - ရန်ကုန် ခရီးသည် ပို့ဆောင်ရေးယာဉ်လိုင်းတာဝန်ခံတစ်ဦးက ပြောကြားသည်။

“မိုးရွာ လမ်းပျက် ကားတွေ သွားမရ တော့ဘူး။ ခုရက်ပိုင်း ယာဉ်လိုင်းက ကားတွေ အထွက်ရပ်ထားပါတယ်။အရင်ရက်က ရန်ကုန်က ထွက်လာတဲ့ကားတွေရော မြဝတီက ထွက်သွားတဲ့ ကားတွေပါ တောင်ခြေမှာပိတ် မိနေတယ်၊ကုန်ကားကြီးတွေကို လမ်းဟောင်း ကပေးသွားတယ်ဆိုပေမဲ့ ခရီးသည်တွေအ တွက် အာမခံချက်မရှိလို့ ခရီသည်ကားတွေ က မသွားကြပါဘူး။မသွားရဲဘူးပေါ့နော်” ဟု မြဝတီမြို့ရှိ ယာဉ်လိုင်း တာဝန်ခံတစ်ဦးက ပြောကြားသည်။

မြဝတီ-မော်လမြိုင် ယာဉ်ငယ်လိုင်း မောင်းသူတစ်ဦးက “မေ၂၇ ရက်နေ့က မြဝတီကိုတက်ပါတယ်၊ ၁၀၁၈ လမ်း၊ထို့ကော် ကိုးလမ်း၊သစ်ကေတ ကြက်ဥတောင်လမ်း ဘယ်လမ်းက သွားလို့ရမလဲ တိုးကြည့်ပါ တယ်။ တက်မနိုင်တော့ မော်လမြိုင်ကို ပြန် ဆင်းလာခဲ့ရပါတယ်” ဟု ဆိုသည်။

ယာဉ်လိုင်းမဟုတ်ဘဲ အချို့သော ပုဂ္ဂလိက ကားများမှာ ခရီး မဖြစ်မနေရောက်ရှိရန် အတွက် ထွန်စက်ဖြင့်ဆွဲခြင်း၊ လူဖြင့်ဆွဲ၍လာ ရခြင်း၊ဆင်ဖြင့်ဆွဲ၍လာရခြင်းများရှိပြီး ၊ လမ်ပိုင်းရှိ သက်ဆိုင်ရာတာဝန်ရှိသူများက လည်း ဗွက်ထူနေသည့်လမ်းအား ထွန်စက် များ ဖြင့်ထိုးချကာ လမ်းပြုပြင်လျက်ရှိကြောင်း လည်း သိရသည်။

ကော့ကရိတ် မြို့နယ်တွင်နှစ်ဖက်တိုက် ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေါနတောင်ကျော် အာရှလမ်းသစ်မှ ခရီးသွားလာမရဘဲ ပိတ် ထားဆဲဖြစ်ကာ ခရီးသည်နှင့် ကုန်စည်ပို့ ဆောင်ရေးယာဉ်များမှာ မြေသားလမ်းများ ဖြစ် သည့်  မြဝတီ-ကျော်ခို့-ထို့ကော်ကိုးလမ်း၊ ၁၀၁၈ လမ်း၊ သစ်ကတေကြက်ဥတောင် လမ်း တို့မှ သွားလာခဲ့ကြခြင်းဖြစ်သည်။ 

Most Read

Most Recent