အတိုးရောအရင်းပါ ပြန်မဆပ်နိုင်သေးသည့် ကိုဗစ်ချေးငွေများ

အတိုးရောအရင်းပါ ပြန်မဆပ်နိုင်သေးသည့် ကိုဗစ်ချေးငွေများ
COVID-19 ချေးငွေ ပဏာမစိစစ်နေမှုကို ၂၀၂၀ ပြည့်နှစ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
COVID-19 ချေးငွေ ပဏာမစိစစ်နေမှုကို ၂၀၂၀ ပြည့်နှစ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
Published 30 June 2024

COVID-19 ချေးငွေများ  သက်တမ်း သုံးနှစ်ပြည့်မြောက် ကျော်လွန်ခဲ့ပြီးဖြစ်သဖြင့် ချေးငွေပြန်ဆပ်ရန် ကျန်ရှိနေသည့်ကုမ္ပဏီ/ လုပ်ငန်းများအနေဖြင့် ၂၀၂၄ ခုနှစ် ဇူ လိုင် ၁ ရက်မတိုင်မီ ပြန်လည်ပေးဆပ်ရန် COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစား ရေး လုပ်ငန်းကော်မတီက ထုတ်ပြန်ထား သည်။           

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင် သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက COVID-19 ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သောစီး ပွားရေးလုပ်ငန်းများကို ချေးငွေသက်တမ်း တစ်နှစ် (အတိုးနှုန်း ၁-ရာခိုင်နှုန်း) ဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီလမှစတင်၍ ချေးငွေများ ထုတ် ချေးခဲ့သည်။ ချေးငွေသက်တမ်း တစ်နှစ်ပြည့် မြောက်ခဲ့ပြီးနောက် ပထမအကြိမ် ခြောက် လ၊ ဒုတိယအကြိမ် ခြောက်လ၊ တတိယ အကြိမ် တစ်နှစ်နှင့် စုစုပေါင်း သုံးနှစ်အထိ ချေးငွေသက်တမ်းများ တိုးမြှင့်ဆောင်ရွက် ပေးခဲ့သည်။

ယခုအခါတွင် ချေးငွေသက်တမ်း သုံး နှစ်ပြည့်မြောက် ကျော်လွန်ခဲ့ပြီဖြစ်သဖြင့် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေ သကြီး/ ပြည်နယ်များရှိ  COVID-19 ရန်ပုံ ငွေမှ ချေးငွေပြန်လည်ပေးဆပ်ရန် တာဝန် ကျန်ရှိနေသည့် ကုမ္ပဏီ/ လုပ်ငန်းများအနေ ဖြင့် ချေးငွေ အတိုး/အရင်းများကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်မတိုင်မီ အမြန်ဆုံး အပြေ အကျေ ပြန်လည်ပေးဆပ်ပါရန်  ကော်မတီ က အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ကိုဗစ်ချေးငွေ ထုတ်ချေးမှု

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင် သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ပြည်သူ့ ဘဏ္ဍာငွေများဖြစ်သည့် နိုင်ငံတော်၏ လှည့် ပတ် ရန်ပုံငွေ Revolving Funds  - RF မှ ကျပ် ၅၀ ဘီလျံနှင့်  ပြည်ထောင်စု၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အထွေထွေ ပိုလျှံရန်ပုံငွေ General Reserve Fund – GRF မှ ကျပ် ဘီလျံ ၁၅၀၊ စုစုပေါင်း COVID-19 ရန်ပုံ ငွေ ကျပ်ဘီလျံ ၂၀၀ ဖြင့် COVID-19 ကပ် ရောဂါကြောင့်  ထိခိုက်ခံစားခဲ့ရသည့် လုပ် ငန်းနယ်ပယ်များရှိ ကုမ္ပဏီ/လုပ်ငန်းများ အား ၂၀၂၀ ပြည့်နှစ် ဧပြီမှစတင်ပြီး ချေး ငွေသက်တမ်း တစ်နှစ်သတ်မှတ်၍ ချေးငွေ များကို ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဌာနမှ သိရသည်။

ချေးငွေသက်တမ်း တစ်နှစ်ပြည့်မြောက် ပြီးနောက် ၂၀၂၁ ခုနှစ် မတ် ၁၇ ရက်၌ ပထမ အကြိမ်ခြောက်လ၊ ၂၀၂၁ ခုနှစ် စက်တင် ဘာ ၁၁ ရက်တွင် ဒုတိယအကြိမ်ခြောက် လနှင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၄ ရက်တွင် တတိယအကြိမ် တစ်နှစ် သက်တမ်းတိုးခွင့် ပြုပေးခဲ့ပြီး စုစုပေါင်းသက်တမ်း သုံးနှစ် အထိ ခွင့်ပြုပေးထားခဲ့သည်။

“ဒါကြောင့်လည်း ၂၀၂၀ ပြည့်နှစ်အ တွင်းက COVID-19 ချေးငွေရယူထား သည့် ကုမ္ပဏီ/လုပ်ငန်းများအားလုံးသည် ယခုအချိန်တွင် ချေးငွေခွင့်ပြုပေးခဲ့တဲ့သက် တမ်း သုံးနှစ်ပြည့်မြောက် ကျော်လွန်ခဲ့ပြီး ဖြစ်ပါတယ်။ အချို့လုပ်ငန်းများသည် ယနေ့ ဆိုလျှင် သုံးနှစ်ကျော်လေးနှစ်ထဲမှာ ခံစားနေ ပြီဖြစ်ပါတယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံ ခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာ ဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

 

ကိုဗစ်ချေးငွေ ရယူထားသည့်လုပ်ငန်းများ

          ကိုဗစ်ချေးငွေများကို ၂၀၂၀ ပြည့်နှစ် ဧပြီမှစ၍ ကုမ္ပဏီ/လုပ်ငန်း စုစုပေါင်း ၅၉၉၀ ခုထံသို့ ကျပ် ၁၅၈ဒသမ၄၄၃၈ ဘီလျံ  ခွင့်ပြုထုတ်ချေးခဲ့သည်။ ကုမ္ပဏီ/လုပ်ငန်း များသို့ ချေးငွေခွင့်ပြုပေးခဲ့သည့် သတ်မှတ် ကာလ သုံးနှစ်ကိုကျော်လွန်ခဲ့ပြီဖြစ်သော် လည်း စာရင်းများအရ ၂၀၂၄ ခုနှစ် မေလ ကုန်အထိ အရင်းအကျေဆပ်သည့် ကုမ္ပဏီ /လုပ်ငန်း ၁၂၀၅ ခု သာရှိပြီး  အရင်းအလီ လီဆပ်သည့် ကုမ္ပဏီ/လုပ်ငန်း ၁၃၂၆ ခု နှင့်  အရင်း လုံးဝမဆပ်ရသေးသော ကုမ္ပဏီ/ လုပ်ငန်း ၃၄၅၉ ခု ဖြစ်ကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ် ငန်းကော်မတီမှ သိရသည်။

          လက်ရှိတွင် COVID-19 ရန်ပုံငွေမှ ခွင့်ပြုချေးငွေများကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်မတိုင်မီ အမြန်ဆုံးအပြေအကျေ ပြန် လည်ပေးဆပ်ကြရန် အသိပေးကြေညာထား သည်။

          ကော်မတီအနေဖြင့် COVID-19 ရန်ပုံငွေမှ ခွင့်ပြုချေးငွေများကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း၊ တိုင်းဒေသကြီး/ပြည်နယ်ကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့၏ စိစစ်ထောက်ခံပေးမှုဖြင့်   မြန် မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ခြောက် ခုတို့မှတစ်ဆင့် ထုတ်ချေးပေးခဲ့ခြင်းဖြစ် သည်။

သို့ဖြစ်ရာ ချေးငွေပြန်လည်ပေးဆပ်ရာ တွင်  မိမိတို့ထုတ်ယူထားသည့် မြန်မာ့စီးပွား ရေးဘဏ်အောက်ရှိ သက်ဆိုင်ရာဘဏ်ခွဲ များ၊ ပုဂ္ဂလိကဘဏ်ခြောက်ခုဖြစ်သည့် CB ဘဏ်၊ MOB ဘဏ်၊ A ဘဏ်၊ AGD ဘဏ်၊ NDB ဘဏ်နှင့် SMED ဘဏ်များမှတစ် ဆင့် ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။

အရင်းအလီလီဆပ်နှင့် လုံးဝမဆပ်ရ သေးသော ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် သတ်မှတ်ကာလအတွင်း သက်ဆိုင်ရာဘဏ် များနှင့်ဆက်သွယ်၍ အလျင်အမြန်ပြန် လည်ပေးဆပ်ရန် တာဝန်ရှိကြောင်း ကော်မ တီက အသိပေးကြေညာထားသည်။

 

ချေးငွေပြန်မဆပ်နိုင်သေးသည့်လုပ်ငန်းများ

          COVID-19 ကပ်ရောဂါကျရောက် ချိန်က လုပ်ငန်းများလည်ပတ်နိုင်ရေးအ တွက် နိုင်ငံတော်၏ အကူအညီအထောက် အပံ့ ချေးငွေအနေဖြင့် ထုတ်ပေးခဲ့သည့် ကျပ်ဘီလျံ ၂၀၀ မှ လက်ရှိအချိန်အထိ ကျပ် ၇၅ ဘီလျံ ပြန်လည်ကောက်ခံရရှိပြီးဖြစ် ကြောင်း  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာနမှ သိရသည်။

          ချေးငွေရယူထားသည့် ကုမ္ပဏီ/လုပ် ငန်းများထံမှ ပြန်လည်ကောက်ခံရရှိလာ မည့် ပြည်သူ့ဘဏ္ဍာများကို နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုး တက်ရေးအတွက် အထောက်အပံ့ဖြစ်စေ မည့် လိုအပ်သည့် ကဏ္ဍများနှင့် ဒေသများ တွင် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည် လှည့်လည်သုံးစွဲသွားရန် လျာ ထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

          ကိုဗစ်သက်တမ်း သုံးနှစ်ပြည့်ပြီး  COVID-19 ရန်ပုံငွေမှ ချေးငွေရယူထား သည့် ကုမ္ပဏီ/လုပ်ငန်းများထံမှ ချေးငွေ များကို  ၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက် မတိုင်မီ အမြန်ဆုံး အပြေအကျေ ပြန်လည်ပေးဆပ် လာစေရန်အတွက် ၂၀၂၄ ခုနှစ် ဇွန် ၆ ရက်မှ  စတင်၍ နိုင်ငံပိုင်သတင်းစာများတွင် ကြေ ညာထားသည်။

          အဆိုပါ သတ်မှတ်ရက် ကျော်လွန်ပါက စီမံခန့်ခွဲမှု လုပ်ငန်းအဆင့်ဆင့်ဖြင့် ဆောင် ရွက်သွားမည်ဖြစ်ကြောင်းနှင့် COVID-19 ရန်ပုံငွေမှ ချေးငွေရယူထားပြီး ပြန်လည်ပေး ဆပ်ရန် တာဝန်ရှိသည့် ကုမ္ပဏီ/လုပ်ငန်း များအနေဖြင့် အလျင်အမြန် အပြေအကျေ ပြန်လည်ပေးဆပ်ရန် ကော်မတီအနေဖြင့် တိုက်တွန်းထားသည်။

          “ကိုဗစ်ချေးငွေ စပြီးထုတ်ချေးတော့  စီးပွားရေးထိခိုက်မှု အများဆုံးခံစားရတဲ့ ကဏ္ဍအဖြစ် ဦးစားပေးသတ်မှတ်တဲ့ကဏ္ဍထဲမှာ ကျွန်တော်တို့ CMP လုပ်ငန်းလည်းပါ တယ်။ ဆိုတော့ ကျွန်တော်ချေးငွေတင်လိုက် တယ်။ ချေးငွေရခဲ့တယ်ပေါ့ဗျာ။ အဲဒီအချိန် က လုပ်ငန်းတွေက ရပ်ရတော့မလိုလို ဖြစ် နေချိန် ချေးငွေရလိုက်တော့ ကျွန်တော်တို့ ဆက် run   နိုင်ခဲ့တယ်။ ဒါပေမဲ့ အလုပ် မပြုတ်သွားရုံ ဆက်သွားနေတဲ့အနေအထား ပဲ ကျွန်တော်တို့ ရုန်းနိုင်ခဲ့ပါတယ်။ အရင်း တော့ နည်းနည်းပြန်ဆပ်ထားပါပြီ။ အတိုး ရော အရင်းရောတော့ အကုန်မကျေသေးပါ ဘူး။ ကျွန်တော်တို့ ဆက်ရုန်းနေတုန်းပါပဲ”ဟု CMP လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ သည်။