ထိုင်းနိုင်ငံ တောင်ပိုင်း အချုပ်ထောင်များတွင် ပြစ်ဒဏ်ကျခံခဲ့ရသည့် မြန်မာနိုင်ငံသား ၁၂၀ ဦး ကော့သောင်းမြို့သို့ ပြန်လည်ရောက်ရှိ

ထိုင်းနိုင်ငံ တောင်ပိုင်း အချုပ်ထောင်များတွင် ပြစ်ဒဏ်ကျခံခဲ့ရသည့် မြန်မာနိုင်ငံသား ၁၂၀ ဦး ကော့သောင်းမြို့သို့ ပြန်လည်ရောက်ရှိ
Published 17 June 2024

ထိုင်းနိုင်ငံ တောင်ပိုင်း အချုပ်ထောင်များတွင် ပြစ်ဒဏ်ကျခံခဲ့ရသည့် မြန်မာနိုင်ငံသား ၁၂၀ ဦး မှာ ဇွန်လ ၁၇ ရက်က ကော့သောင်းမြို့သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။

မြန်မာနိုင်ငံသား (၁၂၀) ဦးမှာ ဇွန်လ ၁၇ ရက် က ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှတဆင့်မြန်မာနိုင်ငံ၊ ကော့သောင်းမြို့သို့ ပြန်လည်ရောက်ရှိလာရာ တာဝန်ရှိသူများကကြိုဆိုနေရာချ ထားပေးခဲ့ကြောင်းသိရသည်။

ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများတွင်အမျိုးသား (၁၀၀) ဦးနှင့်အမျိုးသမီး (၂၀) ဦးပါဝင်ကြောင်းသိရသည်။

မြန်မာနိုင်ငံသားများကိုထိုင်း တာဝန်ရှိသူများက ထိုင်းနိုင်ငံ၊ရနောင်းမြို့မှတဆင့် ပဲ့ချိတ်လှေများဖြင့်ကော့သောင်းမြို့သို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်းသိ ရသည်။

မြန်မာနိုင်ငံသားများကိုကော့သောင်းမြို့မှတာဝန်ရှိသူ များက ကိုဗစ်- ၁၉ စစ်ဆေးခြင်း၊ကိုယ်ရေးအချက်အလက်စစ် ဆေးခြင်း၊အသိပညာပေးခြင်းများကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။ထိုင်းနိုင်ငံအနေဖြင့်မြန်မာနိုင်ငံသားများကို ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်ရာတွင်ဇွန်လအတွင်း(၂)ကြိမ်ရှိခဲ့ပြီး စုစုပေါင်း မှာ(၂၄၀) ဦးကိုပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

Most Read

Most Recent