စားအုန်းဆီ တင်သွင်းရာတွင် မသမာမှုပြုလုပ်ခဲ့သည့် ဦးဇော်ဝင်းရှိန် ပိုင်ဆိုင်သည့် ဧရာဟင်္သာ ကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ရှစ်ခုကို အမည်ပျက် စာရင်း ထည့်သွင်းသတ်မှတ်

စားအုန်းဆီ တင်သွင်းရာတွင် မသမာမှုပြုလုပ်ခဲ့သည့် ဦးဇော်ဝင်းရှိန် ပိုင်ဆိုင်သည့် ဧရာဟင်္သာ ကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ရှစ်ခုကို အမည်ပျက် စာရင်း ထည့်သွင်းသတ်မှတ်
Published 26 June 2024

စားအုန်းဆီ တင်သွင်းရာတွင် မသမာမှုပြုလုပ်ခဲ့သည့်  ဦးဇော်ဝင်းရှိန် ပိုင်ဆိုင်သည့် ဧရာဟင်္သာ ကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ရှစ်ခုကို  ရင်းနှီးမြှုပ်နှံမှုနှင့်  ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် အမည်ပျက် စာရင်း (Black List) ထည့်သွင်းသတ်မှတ်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှုဦးစီးဌာန အွန်လိုင်းမှတ်ပုံတင်စနစ်တွင် ဖွဲ့ စည်းမှတ်ပုံတင်ထားသော ကုမ္ပဏီများအနေ ဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်း ချက်များကို လေးစားလိုက်နာရမည့်အပြင် မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်း နှင့်သက်ဆိုင်သည့် အစိုးရဌာန၊အဖွဲ့အစည်း များမှ ချမှတ်ထားသော အခြား တည်ဆဲ ဥပဒေနှင့်နည်းဥပဒေများ လိုက်နာခြင်းမရှိ ကြောင်း တွေ့ရှိရပါက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပ ဏီများညွှန်ကြားမှုဦးစီးဌာန၏ ဝက်ဘ်ဆိုက် တွင် မှတ်ပုံတင်အရာရှိက အများပြည်သူသိရှိ နိုင်စေရန် ကြေညာသွားမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ပြီးဖြစ်သည်။

စားအုန်းဆီတင်သွင်းရာတွင် မသမာမှု ပြုလုပ်ခဲ့သည့် အောက်ဖော်ပြပါ ကုမ္ပဏီ ရှစ် ခုအား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာနတွင် ၂၀၂၄ ခုနှစ် ဇွန် ၂၄ ရက်မှ စ၍ အမည်ပျက် စာရင်း Black List ထည့် သွင်းသတ်မှတ်ခဲ့ခြင်းကို သိရှိနိုင်ရန် အသိပေး ကြေညာထားသည်။

အဆိုပါကုမ္ပဏီများမှာ Six Winner Brothers Company Limited, Diamond Dragon Company Limited, First top Edible Oil Company Limited, Ayeyar Hinthar Trading Company Limited,Thein Than Yadanar Company Limited, Jewel Arrow Company Limited, Agri One Trading Company Limited,Grand Unity Co.Ltd တို့ဖြစ် ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန် ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အနေဖြင့် စားအုန်းဆီကမ္ဘာ့စျေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ် ထိုက်သည့် စျေးနှုန်းများဖြစ်ပေါ်စေရေး ထိန်း ကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ တွင် ဖြစ်ပေါ်နေသည့် FOB စျေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန် အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်း စျေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းကို ထုတ် ပြန်ပေးလျက်ရှိသည်။

ထို့ပြင် ပြည်တွင်းစျေးကွက်အတွင်း  စျေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ စျေးကစား ရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါ အဝင် မသမာသည့် လုပ်ဆောင်မှုများပြု လုပ် ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပ ဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Most Read

Most Recent