မြန်မာတပ်မတော်(ရေ)မှ အဆင့်မြင့်အရာရှိတစ်ဦးနှင့် အမေရိကန် အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဗီယက်နမ်နိုင်ငံတွင် တွေ့ဆုံ၍ မြန်မာ့အရေးဆွေးနွေး 

 မြန်မာတပ်မတော်(ရေ)မှ အဆင့်မြင့်အရာရှိတစ်ဦးနှင့် အမေရိကန် အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဗီယက်နမ်နိုင်ငံတွင် တွေ့ဆုံ၍ မြန်မာ့အရေးဆွေးနွေး 
■ ဗိုလ်မှူးချုပ် ကျော်လင်းဇော် အား ၂၀၂၄ ခုနှစ် ဧပြီ လအတွင်းက ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် တွေ့ရစဉ် (Photo: MOI)
■ ဗိုလ်မှူးချုပ် ကျော်လင်းဇော် အား ၂၀၂၄ ခုနှစ် ဧပြီ လအတွင်းက ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် တွေ့ရစဉ် (Photo: MOI)
Published 26 June 2024

အမေရိကန်နိုင်ငံ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ်ခရစ်တင်ဘရင့်သည် မြန်မာတပ်မတော်၏အဆင့် မြင့်အရာရှိတစ်ဦးကို လွန်ခဲ့သော သီတင်းပတ်တွင် ဗီယက်နမ်နိုင်ငံတွင်တွေ့ဆုံခဲ့ကြောင်း The Diplomat သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါတွေ့ဆုံမှုသည်  မြန်မာ့အရေးအတွက် အမေရိကန်၏ချဉ်းကပ်မှု ပြောင်းလဲလာဖွယ်ရှိသည့် အနေအထားကို ဖော်ပြနေသည်ဟု The Diplomat ကဆိုသည်။

အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ်ခရစ်တင်ဘ ရင့်သည်မြန်မာ့တပ်မတော်(ရေ)မှ ဗိုလ်မှူးချုပ် ကျော်လင်းဇော် (၂၀၂၄ ခုနှစ် မေလထုတ် အစိုးရသတင်းများအရ တနင်္သာရီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး) ကို ဇွန် ၂၁ နှင့် ၂၂ ရက်တို့ တွင် ဟနွိုင်းမြို့၌ တွေ့ ဆုံခဲ့ကြသည်ဟု ယင်း တွေ့ဆုံမှုကိုသိရှိထားသော သတင်းအရင်းအမြစ်ကThe Diplomat ကို ပြောကြားခဲ့သည်။

ရုရှားသမ္မတဗလာဒီမာပူတင် ဗီယက်နမ်မှထွက်ခွာသွားခဲ့ပြီး မကြာမီ ဇွန် ၂၁ ရက် တွင် ခရစ်တင်ဘရင့်သည် ဟနွိုင်းမြို့ကို ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ 

ယင်းသို့တွေ့ဆုံရာတွင် ခရစ်တင်ဘရင့်နှင့်အတူ အမေရိကန်အမျိုးသား လုံခြုံရေးကောင်စီအရှေ့တောင်အာရှအတွက် ဒါရိုက်တာ ပီ တာလိုမန်၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအကြီးအကဲ ဆူဆန်စတီဗင်ဆင်တို့လည်း ပါဝင်ခဲ့သည်။

ဟနွိုင်းရှိ အမေရိကန်သံရုံးကမူ ယင်းတွေ့ဆုံမှုအကြောင်းကို ဖြေကြားခြင်းမပြုသော်လည်း နီးစပ်ရာသတင်းများအရ  နစက လမ်းကြောင်းပြောင်းစေရန် ဖိအားပေးရေး အတွက် သံတမန်နည်းလမ်းအားလုံးကို အမေရိကန်က အသုံးပြုသွားမည်ဟု ဆို သည်။    

၎င်းတို့နှစ်ဦးတွေ့ဆုံခဲ့သည်ကို ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောကြားခြင်းမရှိသော်လည်း အမေရိကန်သည် အကန့်အသတ်ရှိနေသည့် သီးသန့်လမ်းကြောင်းများမှတစ်ဆင့် နစကကို ရှင်းရှင်းလင်းလင်း ဆက်လက်အသိပေးသွားမည်ဟု ၎င်းတို့က ပြောကြားခဲ့သည်ဟု The Diplomat က ရေးသားထားသည်။

ထို့ အပြင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ခွင့်ပြုပေးရေး၊ ဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးရေး၊ ပြည်သူများဆန္ဒနှင့်အညီ တိုးတက်ရေးလမ်းကြောင်းသို့ ပြန်သွားရေး၊ အားလုံးပါဝင်သော ကိုယ်စားပြု ဒီမိုကရေစီကို ဖော်ဆောင်ရေးတို့ကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ယခုတွေ့ဆုံမှုသည် အခက်အခဲပြဿနာ ပြေလည်သည့်အနေအထားကို မရှိခဲ့သော်လည်း ၎င်းတို့သည် ဆက်ဆံမှုများ တိုးတက်လာစေရန် ရည်ရွယ်ထားပြီင်္း မကြာမီ ထပ်မံတွေ့ဆုံကြမည်ဟုဆိုသည်။

အမေရိကန်ပြည်ထောင်စုသည် ပဋိပက္ခတည်ငြိမ်စေရန် ကြိုးပမ်းလျက်ရှိပြီး မြန်မာ နိုင်ငံ၌ အကြမ်းဖက်မှုများ အဆုံးသတ်သွားစေရန် ဆောင်ရွက်နေသည့်အပြင် တပ်မတော်နှင့် စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းများကို ဖွင့်ရန် ကြိုးပမ်းနေသည်ဟု ဆိုသည်။

Ref -  The Diplomat 

 

Most Read

Most Recent