မြန်မာနိုင်ငံ၌  အားလုံးပါဝင်သော စေ့စပ်ဆွေးနွေးမှုမှတစ်ဆင့် အကျပ်အတည်းကို ဖြေရှင်းခြင်းနှင့်  ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားရန် QUAD အဖွဲ့၏နိုင်ငံခြားရေးဝန်ကြီးများ တောင်းဆို

မြန်မာနိုင်ငံ၌  အားလုံးပါဝင်သော စေ့စပ်ဆွေးနွေးမှုမှတစ်ဆင့် အကျပ်အတည်းကို ဖြေရှင်းခြင်းနှင့်  ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားရန် QUAD အဖွဲ့၏နိုင်ငံခြားရေးဝန်ကြီးများ တောင်းဆို
Published 31 July 2024
Ref: Ministry of External Affairs (India)

မြန်မာနိုင်ငံ၌  အားလုံးပါဝင်သော စေ့စပ်ဆွေးနွေးမှုမှတစ်ဆင့် အကျပ်အတည်းကို ဖြေရှင်းခြင်းနှင့်  ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားရန် QUAD အဖွဲ့၏နိုင်ငံခြားရေးဝန်ကြီးများက တောင်းဆိုခဲ့သည်။

ဇူလိုင် ၂၉ ရက်က ဂျပန်နိုင်ငံတိုကျိုမြို့ တွင်ပြုလုပ်ခဲ့သော QUAD အဖွဲ့နိုင်ငံခြားရေး ဝန်ကြီးများ၏အစည်းအဝေးအပြီးတွင် သြစတြေးလျ၊ အိန္ဒိယ၊ဂျပန်၊ အမေရိကန်ပြည် ထောင်စုတို့၏ နိုင်ငံခြားရေးဝန်ကြီးတို့က ပူးတွဲထုတ်ပြန်ချက်ရာတွင် ထိုသို့ထည့်သွင်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။

 မြန်မာနိုင်ငံ၌ နိုင်ငံရေး၊ လုံခြုံရေး၊ လူသား ချင်းစာနာမှုအခြေအနေတို့နှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။

အချက် ၂၃ ချက်ပါဝင်သော ပူးတွဲထုတ် ပြန်ချက်တွင် QUAD နိုင်ငံတို့၏နိုင်ငံခြားရေး ဝန်ကြီးများက မြန်မာနိုင်ငံတွင် နိုင်ငံရေး အ ခြေအနေ၊ လုံခြုံရေးအခြေအနေ၊ လူသားချင်း စာနာမှုအခြေအနေတို့ကို အလွန်အမင်းစိုး ရိမ်သည်ဟု ဖော်ပြခဲ့သည်။ 

ထို့အပြင် ရခိုင် ပြည်နယ်က အခြေအနေကိုလည်း စိုးရိမ်နေ ကြောင်း ၎င်းတို့က ဖော်ပြခဲ့သည်။ ဖြစ်ပွားနေဆဲ ပဋိပက္ခနှင့်မတည်ငြိမ်မှု တို့က ဒေသတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ် ရေးတို့အတွက် စိုးရိမ်စရာကောင်းသော ဂယက်ရိုက်မှုများရှိနေသည်ဟု ဖော်ပြထား သည်။ 

“အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ မတရား ထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးရေး၊ ဘေးကင်းပြီး အဟန့်အ တားမရှိသော လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ၊ သက်ဆိုင်ရာ အဖွဲ့အစည်းအား လုံးအကြားမှာ အပြုသဘောဆောင်ပြီး အား လုံးပါဝင်သော စေ့စပ်ဆွေးနွေးမှုမှတစ်ဆင့် အကျပ်အတည်းကို ဖြေရှင်းခြင်း၊ အားလုံး ပါဝင်သော ဒီမိုကရေစီလမ်းကြောင်းကို ပြန် သွားဖို့ ကျွန်တော်တို့ ထပ်လောင်းတောင်းဆို ပါတယ်”ဟု QUAD နိုင်ငံခြားရေးဝန်ကြီးများက ဖော်ပြထားသည်။

“ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ခြင်းအပါအဝင် အာဆီယံဥက္ကဋ္ဌနဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီ  ယံအထူးသံတမန်တို့ရဲ့အပြုသဘော ဆောင် တဲ့ကြိုးပမ်းအားထုတ်မှုတွေကို မြန်မာ့အ ရေးကို ဖြေရှင်းဖို့ ကြိုးပမ်းရာမှာ အာဆီ ယံ ရဲ့ဦးဆောင်မှုအတွက် ကျွန်တော်တို့ ခိုင် ခိုင် မာမာထောက်ခံကြောင်း ထပ်လောင်းအ တည်ပြုပါတယ်”ဟု ဖြည့်စွက်ဖော်ပြထား သည်။

ထို့အပြင် မြန်မာ့အရေးက ဆိုက်ဘာရာ ဇဝတ်မှုများ၊ တရားမဝင် မူးယစ်ဆေးဝါး ကုန် သွယ်မှု၊ လူကုန်ကူးမှုတို့လို နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ မြင့်တက်လာသည်ကို မျက် မြင်ကြုံနေရသော အိမ်နီးချင်းနိုင်ငံများအ ပေါ်သက်ရောက်နေသည်ကိုလည်း မိမိတို့ စိုးရိမ်သည်ဟု ဖော်ပြထားသည်။

လေယာဉ်လောင်စာဆီအပါအဝင် လက်နက်များ၊ စစ်ဘက်နှင့်အရပ်ဘက် နှစ်မျိုးသုံး ကုန်ပစ္စည်များ စီးဆင်းမှုကို တား ဆီးရန် နိုင်ငံအားလုံးကို မိမိတို့ ထပ်လောင်း မေတ္တာရပ်ခံကြောင်း ဆက်လက်ဖော်ပြ ထားသည်။

မိမိတို့သည် မြန်မာပြည်သူများကို ဆက် လက်ထောက်ခံသွားမည်ဖြစ်ပြီး မြန်မာပြည် သူများက ဦးဆောင်သော လုပ်ငန်းစဉ်တွင် အကျပ်အတည်းအတွက် တာရှည်ခံပြီး ထိန်း ထားနိုင်သော ဖြေရှင်းနည်းကို ရှာဖွေရန် လက်တွေ့ကျ၍ အပြုသဘောဆောင်သော နည်းလမ်းဖြင့်ဆောင်ရွက်ရာတွင် သက်ဆိုင် ရာအဖွဲ့အစည်းအားလုံးနှင့်အတူ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဖော်ပြထားသည်။

 

Most Read

Most Recent