အိန္ဒိယ-ပါကစ္စတန် ထိပ်တိုက်တွေ့မှု သမိုင်းကြောင်း

အိန္ဒိယ-ပါကစ္စတန် ထိပ်တိုက်တွေ့မှု သမိုင်းကြောင်း
Published 30 July 2024
■ မြတ်သက်မှူးကို 

အိန္ဒိယနှင့် ပြိုင်ဘက် ပါကစ္စတန်တို့ သည် နျူကလီးယားစစ်ပွဲတစ်ပွဲဆီ ဦးတည်လာနိုင်သည်အထိ ပြင်းထန်သည့် အဓိကစစ်ပွဲကြီးတစ်ရပ် နောက်ဆုံးအကြိမ်ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းဇူလိုင် ၂၆ ရက်သည် ၂၅ နှစ်ပြည့် မြောက်ခဲ့ပြီဖြစ်သည်။

လွတ်လပ်ရေးရပြီးခါစ ၁၉၄၇ ခုနှစ်တွင် ၎င်းတို့၏နှစ်ပိုင်းကွဲမှုကြောင့် သွေးကြောင်း စီးခဲ့ကြရသည်။ ထိုအချိန်ကတည်းက ဖြစ်ပွား သည့် စစ်ပွဲပေါင်းများစွာသည် နှစ်ဖက်စလုံး ၏ တူညီသောနယ်နိမိတ်အပေါ် နိုင်ငံရေးသ ဘော ဆက်လက်သက်ဝင်လှုပ်ရှားမှုသည် ရန်လိုမုန်းတီးမှုကို အမြစ်တွယ်စေခဲ့သည်။

အိမ်နီးချင်းနှစ်နိုင်ငံကြား ဖြစ်ပွားခဲ့ သော ပြင်းထန်သည့် ဆက်ဆံရေးအခြေအ နေနှင့်ပတ်သက်သော အဓိကဖြစ်စဉ်များကို အေအက်ဖ်ပီသတင်းဌာန၏ ပြန်လည်ဆန်း စစ်မှုအား ဖော်ပြသွားမည်ဖြစ်သည်။

၁၉၄ရခုနှစ် နှစ်နိုင်ငံကွဲခြင်းနှင့် စစ်ပွဲ

          အိန္ဒိယ၏ နောက်ဆုံးဘုရင်ခံဖြစ်သည့် လော့ဒ်မောင့်ဘက်တန်သည် ၁၉၄၇ ခုနှစ်သြ ဂုတ် ၁၅ ရက်ညသန်းခေါင်ယံအချိန်တွင် ဗြိ တိသျှတို့၏ ရာစုနှစ် နှစ်စုကြာ အုပ်ချုပ်မှုကို အဆုံးသတ်ပေးခဲ့သည်။

          အိန္ဒိယတိုက်ငယ်ကို အဓိကအားဖြင့် ဟိန္ဒူအိန္ဒိယနှင့် မွတ်စလင်အများစုနေထိုင် သော ပါကစ္စတန်ဟူ၍ ပိုင်းခြားထားသည်။

          ကြိုတင်ပြင်ဆင်မှု အားနည်းသောနှစ် ပိုင်းကွဲပြားမှုသည် သွေးကြောင်းစီးမှုကိုဖြစ် စေကာ ပျမ်းမျှလူတစ်သန်းကျော်သေဆုံးခဲ့ ပြီး လူ ၁၅ သန်းခန့် ဘေးလွတ်ရာရွှေ့ပြောင်း ခဲ့ကြသည်။နှစ်နိုင်ငံကြားတွင် တည်ရှိပြီး ဟိမဝန္တာတောင်တန်းများအောက်တွင် တည် ရှိသော မွတ်စလင်အများစုနေထိုင်ရာ ကက်ရှ် မီးယား၏ ဘုရင်သည် အိန္ဒိယ သို့မဟုတ် ပါကစ္စတန် ၏ အုပ်စိုးမှုကိုလက်ခံသင့်၊မသင့် ဝေခွဲမရဖြစ်လျက်ရှိသည်။

ဘုရင်စနစ်၏ အုပ်စိုးမှုကို ဆန့်ကျင် သည့် လူထုအုံကြွမှုကို နှိမ်နင်းရန်အတွက် အိန္ဒိယ၏အကူအညီကို ရယူမှုသည်နှစ်နိုင်ငံ ကြား စစ်ပွဲတစ်ရပ်ကို အလျင်အမြန်ဖြစ်ပေါ် စေခဲ့ပြီး ပါကစ္စတန်ကျောထောက်နောက်ခံပြု စစ်သွေးကြွများက ကက်ရှ်မီးယားကို တိုက် ခိုက်ခဲ့သည်။

          ၁၉၄၉ ခုနှစ်တွင် ကုလသမဂ္ဂကျော ထောက်နောက်ခံပြုသည့် ၄၇၈ မိုင်အကွာရှိ အပစ်အခတ်ရပ်စဲရေးမျဉ်းသည် ကက်ရှ်မီး ယားကို ပိုင်းခြားထားသည့် ထိန်းချုပ်ရေးမျဉ်း ဟု လူသိများကာ လက်ရှိအချိန်အထိ နှစ်ဖက် စလုံးက စစ်အင်အားကြီးမားစွာ ချထားဆဲဖြစ် သည်။

 

၁၉၆၅-၇၁ ကက်ရှ်မီးယားနှင့် ဘင်္ဂလားဒေ့ရှ်

စစ်ပွဲ

          ပါကစ္စတန်သည် ပိုင်းခြားထားသည့်နယ် မြေတစ်ခုလုံးကို ၎င်းတို့လက်အောက်ရောက် ရှိစေရန် အတွက် ၁၉၆၅ ခုနှစ် သြဂုတ်တွင် ကက်ရှ်မီးယားကို ကျူးကျော်စစ်ဆင်နွှဲရာ၌ ဒုတိယစစ်ပွဲတစ်ပွဲဖြစ်ပေါ်ခဲ့သည်။

          ဆိုဗီယက်ယူနီယံက ကြားဝင်စေ့စပ်ပေး သော အပစ်အခတ်ရပ်စဲရေးတစ်ရပ် ရရှိခဲ့ ပြီးနောက် သီတင်းပတ် ခုနစ်ပတ်အကြာတွင် စစ်ပွဲပြီးဆုံးသွားခဲ့ပြီး နှစ်ဖက်လုံးမှစစ်သား ထောင်ချီသေဆုံးခဲ့သည်။

          ပါကစ္စတန်သည် ၁၉၄၇ ခုနှစ်ကတည်း က ၎င်းတို့ အုပ်ချုပ်ခဲ့သည့် ယနေ့ခေတ် ဘင်္ဂလားဒေ့ရှ်ဆိုသည့် နိုင်ငံအဖြစ် ပေါ် ပေါက်လာစေခဲ့သည့် လွတ်လပ်ရေး လှုပ်ရှား မှုကို ကြမ်းတမ်းစွာ ဖိနှိပ်ရန် ၁၉၇၁ ခုနှစ်တွင် စစ်သားများ စတင်ဖြန့်ကြက်ချထားခဲ့သည်။

          ကိုးလကြာပဋိပက္ခအတွင်း ပျမ်းမျှလူ သုံးသန်းသေဆုံးခဲ့ပြီး ပါကစ္စတန်စစ်တပ်၏ ရက်စက်သော လုပ်ရပ်များကြောင့် လူပေါင်း သန်းချီ အိန္ဒိယနိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက် လာခဲ့ကြသည်။

          အိန္ဒိယသည် ထိုနှစ် နှစ်ကုန်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်ကိုအပြည့်အဝကျူးကျော်ရန် စစ်စည်းရုံးခဲ့ပြီး သီတင်းနှစ်ပတ်မပြည့်မီတွင် ပါကစ္စတန်ကို လက်နက်ချရန် တွန်းအားပေး ခဲ့သည်။

          အောင်ပွဲများ၏ ရလဒ်ကြောင့်ဝန်ကြီး ချုပ် အင်ဒီရာဂန္ဓီ၏ကျော်ကြားမှုသည်အမြင့် ဆုံးရောက်ရှိလာကာ သုံးနှစ်အကြာတွင်အိန္ဒိ ယ၏ပထမဆုံး နျူကလီး ယားလက်နက်စမ်း သပ်မှုအောင်မြင်ကြောင်းကြေညာခဲ့ပြီး နောက် ၎င်းင်း၏ကျော်ကြားမှု ပိုမိုမြင့်မားလာ ခဲ့သည်။

 

၁၉၈၉-၉၀ ကက်ရှ်မီးယား ပုန်ကန်ထကြွမှု

          အိန္ဒိယအုပ်ချုပ်မှုအပေါ် ကာလကြာ ရှည် မကျေနပ်မှုများ ပိုမိုမြင့်တက်လာခဲ့ကာ  နယ်မြေရွေးကောက်ပွဲတွင် အာဏာပိုင်များ က လိမ်လည်မှုများရှိသည်ဟု ဒေသခံများ၏ စွပ်စွဲမှုများကြောင့် ၁၉၈၉ ခုနှစ်တွင် ကက်ရှ် မီးယား၌ ပုန်ကန်ထကြွမှုတစ်ခု ပေါ်ပေါက်ခဲ့ သည်။

          သူပုန်တိုက်ခိုက်ရေးသမားများက ပစ် မှတ်ထား၍ လုပ်ကြံခြင်းများ၊ တိုက်ခိုက်ခြင်း များနှင့် ခြိမ်းခြောက်မှုများကြောင့် တစ်နှစ်အ ကြာတွင် ဟိန္ဒူနှင့် အခြားလူနည်းစုများသည်  နေရပ်စွန့်ခွာထွက်ပြေးကြသည်။

          လုံခြုံရေးတပ်ဖွဲ့များနှင့် စစ်သွေးကြွများ အကြား အခါအားလျော်စွာ ဖြစ်ပွားသည့်စစ် ပွဲများကြောင့် ဆယ်စုနှစ်ပေါင်းများစွာအကြာ တွင် စစ်သားများ၊ သူပုန်များနှင့် အရပ်သား များ သောင်းချီသေဆုံးခဲ့ကြသည်။

          ပဋိပက္ခတွင် နှစ်ဖက်စလုံး၌ လူ့အခွင့် အရေးချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့်  ရှိခဲ့သည်ဟု မှတ်တမ်းများ ထွက်ပေါ်ခဲ့သည်။

          အိန္ဒိယက ပါကစ္စတန်ကို သူပုန်များအား ရန်ပုံငွေထောက်ပံ့ပေးနေသည့်အပြင် ၎င်းင်း၏ ပိုင်နက်နယ်မြေအတွင်း လက်နက်များလေ့ ကျင့်ရေးအကူအညီပေးနေသည်ဟု စွပ်စွဲ ပြောကြားခဲ့သည်။

 

၁၉၉၈-၉၉ နျူကလီးယားလက်နက်များနှင့် ကာဂီလ်ပဋိပက္ခ

          သီတင်းပတ်များအစောပိုင်းက အိန္ဒိယ ၏ နောက်ထပ် နျူကလီးယားစမ်းသပ်မှုများ ကို တုံ့ပြန်သည့်အနေဖြင့် ပါကစ္စတန်သည် ၁၉၈၈ ခုနှစ်တွင် ၎င်း၏ပထမဆုံးနျူလက်နက် စမ်းသပ်မှုများကို လုပ်ဆောင်ခဲ့သည်။

          အမေရိကန်က ယင်းစမ်းသပ်မှုများအ တွက် နှစ်နိုင်ငံလုံးကို စီးပွားရေးအရေးယူ ပိတ်ဆို့မှုများချမှတ်ခဲ့ပြီး ကုလသမဂ္ဂလုံခြုံ ရေးကောင်စီကလည်း အစိုးရနှစ်ရပ်လုံးကို ပြစ်တင်ရှုတ်ချခဲ့ကာ နောက်ထပ်စမ်းသပ်မှု များ မပြုလုပ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။

          ပါကစ္စတန်ကျောထောက်နောက်ခံပြု စစ်သွေးကြွများသည် နောက်နှစ်များတွင် အိန္ဒိယဘက်ရှိ ကက်ရှ်မီးယားဒေသတွင်းသို့ ဝင်ရောက်လာခဲ့ကာ ကာဂီလ်တောင်တန်း များ၏ ရေခဲတောင်များပေါ်က စစ်စခန်းများ ကို သိမ်းယူခဲ့သည်။

          ပါကစ္စတန်အာဏာရပါတီ၏ခေါင်း ဆောင် ရာဂျာမိုဟာမက်ဇာဖာရူဟက်က ၎င်း၏နိုင်ငံ အနေဖြင့် လိုအပ်လာလျှင် ၎င်း၏လုံခြုံရေး ကို ကာကွယ်ရန် နျူကလီးယားလက် နက်များ ကို အသုံးပြုမှုအား ရှောင်လွှဲသွားမည် မဟုတ် ဟု ပြောကြားခဲ့သည်။

          ပါကစ္စတန်အစိုးရသည် ၎င်းင်း၏နျူကလီး ယားလက်နက်များတပ်ဖြန့်မှုသည် ပဋိပက္ခ ဖြစ်ပွားရာနေရာနှင့်ပိုမိုနီးကပ်လာကြောင်း ထောက်လှမ်းတွေ့ရှိမှုအပေါ် အမေရိကန်အ စိုးရက ပြင်းထန်သော ဖိအားပေးခဲ့ပြီးနောက် ပါကစ္စတန်က လက်လျှော့ခဲ့သည်။

ဝန်ကြီးချုပ် နာဝက်ဇ်ရှာရစ်က ၎င်းင်းအား အသိပေးမှု သို့မဟုတ် အတည်ပြုချက်မပါဘဲ ပဋိပက္ခ ပိုမိုကြီးထွားလာသည့်အတွက် စစ် တပ်အကြီး အကဲ ပါဗက်ဇ်မူရှာရက်ဖ်ကို ပြစ်တင်ပြောကြားခဲ့ပြီး သီတင်းပတ် ၁ဝပတ် ကျော်အတွင် လူ ၁,၀၀၀ ထက်မနည်းသေဆုံး ခဲ့သည်။မူရှာရက်ဖ်သည် လအနည်း ငယ်အ ကြာတွင် စစ်တပ်အာဏာသိမ်းကာ ရှာရစ်ဖ် ကို ဖြုတ်ချခဲ့သည်။

 

၂၀၀၈နှင့် နောက်ပိုင်း မွမ်ဘိုင်းတိုက်ခိုက်မှု

          ၂၀၀၈ ခုနှစ်က အိိန္ဒိယ၏ စီးပွားရေးအ ချက်အချာမြို့ဖြစ်သည့် မွမ်ဘိုင်းကို အစ္စလာမ် မစ်သေနတ်သမားများက တိုက်ခိုက်ခဲ့သော ကြောင့် ပြည်ပနိုင်ငံသား ၂၉ ဦးအပါအဝင် လူ ၁၆၆ ဦး သေဆုံးခဲ့သည်။

          အိန္ဒိယက ယင်းတိုက်ခိုက်မှုနှင့် ငြိမ်း ချမ်းရေးဆွေးနွေးပွဲများကို ဆိုင်းငံ့စေမှုအ တွက် ပါကစ္စတန်၏ ထောက်လှမ်းရေးအေ ဂျင်စီကို ပြစ်တင်ပြောကြားခဲ့သည်။

          ၂၀၁၁ ခုနှစ်တွင် ဆက်သွယ်ရေးပြန် လည်စတင်ခဲ့သော်လည်း ပြတ်တောင်းပြတ် တောင်း ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် အခြေအနေ ပိုမိုတင်းမာလာခဲ့သည်။

          အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီက ၂၀၁၅ ခုနှစ်တွင် ပါကစ္စတန်သို့ အံ့အားသင့် ဖွယ် သွားရောက်ခဲ့သော်လည်း သံတမန်ဆက် ဆံရေးပြေပြစ်မှုသည် အချိန်ခဏတာမျှဖြစ် သည်။

          ကက်ရှ်မီးယားတွင် ၂၀၁၉ ခုနှစ်ကအ သေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် အိန္ဒိယ အရန်တပ်ဖွဲ့ဝင် တပ်သား ၄၁ ဦးသေဆုံးခဲ့  ကာ မိုဒီက ပါကစ္စတန်နိုင်ငံအတွင်း တန်ပြန် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။

          နှစ်နိုင်ငံကြား တင်းမာမှုများကို အလျင် အမြန် ဖြေရှင်းနိုင်ခဲ့သည်။စစ်တပ်၏ တုံ့ပြန် ဆောင်ရွက်မှုကြောင့်  ဖြစ်ပေါ်လာသောအမျိုး သား ရေးစိတ်ဓာတ် များ မြင့်တက်နေခြင်း၏ တစ်စိတ်တစ်ပိုင်း ကြောင့် လအနည်းငယ်အ ကြာတွင် မိုဒီသည် ပြန်လည်ရွေးကောက်ခံခဲ့ ရသည်။                                               Ref: AFP

 

Most Read

Most Recent