တနင်္သာရီမြစ်ရေ အန္တရာယ်ရေအမှတ်ထက် ခြောက်ပေ ကျော်လွန်နေပြီး မြစ်ရေကြီးမှု တစ်ပတ်ကြာမြင့်လာပြီဖြစ်

တနင်္သာရီမြစ်ရေ အန္တရာယ်ရေအမှတ်ထက် ခြောက်ပေ ကျော်လွန်နေပြီး မြစ်ရေကြီးမှု တစ်ပတ်ကြာမြင့်လာပြီဖြစ်
Published 30 July 2024
ဇော်မိုးဦး (မြိတ်)

တနင်္သာရီမြစ်ရေသည် အန္တရာယ်ရေ အမှတ်ထက် ခြောက်ပေကျော်လွန်သွားပြီဖြစ် ပြီး မြစ်ရေကြီးနေသည်မှာ တစ်ပတ်ကြာမြင့် လာပြီဖြစ်ကြောင်း သတင်းရရှိသည်။

တနင်္သာရီမြစ်ရေသည် ဇူလိုင် ၃၀ ရက် တိုင်းထွာချက်အရ ပေ ၃၀ အထိရောက်ရှိ  နေပြီး မြို့လေးပုံသုံးပုံမှာ ရေကြီးမှုဒဏ်ခံစား နေရကာ ပတ်ဝန်းကျင်ရှိ ကျေးရွာများစွာ ရေ နစ်မြုပ်နေကြောင်း သိရသည်။

အန္တရာယ်ရေအမှတ်ထက် ခြောက်ပေ ကျော်လွန်နေသည့်အတွက် မြိတ်-တနင်္သာ ရီ-ကော့သောင်း   ပြည်ထောင်စုလမ်းမကြီး၊ မြိတ်-တနင်္သာရီ-မောတောင်နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းများ ယာယီပြတ်တောက် နေကြောင်း သိရသည်။

ဒီနေ့တော့ မိုးရွာသွန်းမှု နည်းနည်းလျော့ သွားတယ်။ မြစ်ဖျားပိုင်းဖြစ်တဲ့ ထားဝယ်ဒေသ ဘက်က မိုးရွာသွန်းမှုအနေအထားအရ မြစ် ရေထပ်တိုးမတိုး ခန့်မှန်းနိုင်ပါလိမ့်မယ်။ ကျေး ရွာအတော်များများက ရေနစ်မြုပ်နေတော့အိမ်ထောင်စုဘယ်လောက်အထိ ရေဘေးသင့် နေသလဲဆိုတာ မပြောတတ်တော့ဘူး။ မြို့ ပေါ်မှာတော့ သက်ဆိုင်ရာနဲ့ ကြက်ခြေနီအ ဖွဲ့တွေ ကူညီပေးနေတယ်။ မြစ်ရေကြီးနေတာ က တစ်ပတ်ပြည့်နေပြီ။ တနင်္သာရီမြစ်ရေကတခြားဒေသကမြစ်တွေလို ရုတ်ချည်းရေပြန် မကျသွားဘူး။ ဖြည်းဖြည်းနဲ့ ကျတာဖြစ်တယ် ဟု တနင်္သာရီမြို့မှ ဒေသခံတစ်ဦးက ဆိုသည်။

ယခုနှစ် တနင်္သာရီမြစ်ရေကြီးမှုမှာ နှှစ် ပေါင်း ၃၀ အတွင်း စံချိန်တင်သည့်အနေအ ထားဖြစ်နေကြောင်း၊ မြို့ရေတံခါးကိုလည်း ဖွင့် ချလိုက်ရကြောင်း သိရသည်။

မြို့ရဲ့ရေထိန်းတံခါးကို ဇူလိုင် ၂၉ ရက် ကစပြီး တဖြည်းဖြည်းချင်း ဖွင့်လိုက်ရတယ်။မြို့ပြင်နဲ့ မြို့တွင်းမှာ ရေအမှတ်ကွာဟမှုက ကိုးပေအထိ ရှိနေတယ်။ ရေတံခါးဖွင့်မှ ဖြစ် မှာဖြစ်တဲ့အတွက် ရေဖွင့်ချလိုက်ရတယ်။ မြို့ ထဲက နေရာအတော်များများကတော့ ရေနစ် မြုပ်သွားတယ်။ ကမ်းနားစျေးအထိ ရေကြီးမှု ဖြစ်နေတယ်။ ၁၉၉၄ ခုနှစ် နောက်ပိုင်းမှာ မြစ် ရေအကြီးဆုံးနှစ်တစ်နှစ်လို့ ပြောလို့ရနိုင် တယ် ဟု မြို့ခံတစ်ဦးက ပြောကြားသည်။

တနင်္သာရီမြစ်ရေသည် ထားဝယ်ခရိုင် မေတ္တာချောင်းနှင့် ခမောင်းချောင်းကို မြစ်ဖျား ခံစီးဆင်းလာခြင်းဖြစ်ပြီး တနင်္သာရီမြို့ကို ဖြတ် သန်းစီးဆင်းကာ အက်ဒမန်ပင်လယ်အတွင်း သို့ စီးဝင်ကြောင်းသိရသည်။

တနင်္သာရီမြစ်ရေ တိုင်းထွာကြေညာမှု ကို မိုးလေဝသသတင်းများတွင် ကြေညာပေး ခြင်းမရှိဘဲ ဒေသခံများနှင့် သက်ဆိုင်ရာဌာန များက စိုးရိမ်ရေအမှတ်၊ အန္တရာယ်ရေအမှတ် များ သတ်မှတ်ကာ ပြည်သူလူထုကို အသိပေး အကြောင်းကြားနေရခြင်းဖြစ်ကြောင်း သိရ သည်။ တနင်္သာရီမြစ်ရေမှာ ဇူလိုင် ၂၄ ရက်ကစိုးရိမ်ရေမှတ်သို့ ရောက်ရှိလာပြီး ဇူလိုင်၂၅ ရက်တွင် စိုးရိမ်ရေမှတ်ဖြစ်သည့် ၁၇ ပေကို ကျော်လွန်ပြီး ၁၈ ဒသမ ၆ ပေအထိ  ရောက်ရှိ လာခြင်းဖြစ်သည်။ ထို့နောက် တစ်ပတ်အ တွင်း မြစ်ရေဆက်တိုက်ကြီးလာပြီး အန္တရာယ် ရေအမှတ်ထက်ကျော်လွန်ကာ နှစ် ၃၀ အတွင်း စံချိန်တင်ရေကြီးမှုဖြစ်ခဲ့ ကြောင်း သိရသည်။

လက်ရှိတွင် လူဦးရေထောင်ချီ ရေဘေး သင့်နေပြီး ကူညီကယ်ဆယ်ရေးလုပ်ကိုင်ပေး ရန် မလွယ်ကူသည့်အနေအထားဖြစ်ကြောင်း သိရသည်။ တနင်္သာရီမြစ်၏ စိုးရိမ်ရေမှတ်မှာ ၁၇ ပေ (၅၁၈ ဒသမ ၁၆ ခာ) ဖြစ်ပြီး အန္တ ရာယ်ရေအမှတ်မှာ ၂၄ ပေ ( ၇၃၁ ဒသမ ၅၂ ခာ ) ဖြစ်ကြောင်း သိရသည်။ တနင်္သာရီမြစ် ရေကြီးမှုနှင့်ပတ်သက်ပြီး မှတ်တမ်းများအရ ၁၉၉၄ ခုနှစ်တွင် ၃၆ ပေ ၄ လက်မ၊၂၀၀၆ ခုနှစ်တွင် ပေ ၃၀၊၂၀၁၈ ခုနှစ်တွင် ၂၇ ပေ ၃ လက်မအထိရှိခဲ့သည်။

 

Most Read

Most Recent