မဲဆောက်မြို့ရှိ PDF ထောက်ပို့ရုံးခန်းတစ်ခုအား ထိုင်းအာဏာပိုင်များက ဝင်ရောက်ရှာဖွေခဲ့ပြီး ရုံးခန်းအား ဖျက်သိမ်း

မဲဆောက်မြို့ရှိ PDF ထောက်ပို့ရုံးခန်းတစ်ခုအား ထိုင်းအာဏာပိုင်များက ဝင်ရောက်ရှာဖွေခဲ့ပြီး ရုံးခန်းအား ဖျက်သိမ်း
Published 12 June 2024

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ PDF ထောက်ပို့ရုံးခန်းတစ်ခုအား ထိုင်းအာဏာပိုင်များက ဇွန် ၁၀ ရက်တွင် ဝင်ရောက်ရှာဖွေခဲ့ပြီး ရုံးခန်းအား ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

ယင်းရုံးခန်းအား ထိုင်းအာဏာပိုင်များ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့သည့် ရုပ်သံဖိုင်ထဲတွင် ရုံးခန်းအတွင်းရှိ အလံ၊ ဓာတ်ပုံများကို ချက်ခြင်းဖြုတ်ချခိုင်းနေသည်ကို တွေ့ရသည်။

ထိုသို့ ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးနေစဉ် ထောက်ပို့အဖွဲ့မှ မြန်မာအမျိုးသမီးတစ်ဦးက နောက်တစ်ကြိမ်လာကြည့်သည့်အခါ ရုံးခန်းအတွင်းရှိ အလံ၊ ဓာတ်ပုံများရှိပါက ကြိုက်သလိုပြောနိုင်ကြောင်း ပြောဆိုခဲ့သော်လည်း ထိုင်းတာဝန်ရှိသူတစ်ဦးက စိတ်မရှည်သည့်ပုံစံဖြင့် ရုံးခန်းအတွင်းရှိ မြန်မာနိုင်ငံများထဲမှတစ်ဦးကို ခြေထောက်နှင့်ကန်ခဲ့သည်ကိုလည်း တွေ့ရသည်။

အဆိုပါရုံးခန်းသည် နွေဦးတမာန်တော်လှန်ရေးထောက်ပို့အဖွဲ့က ဖွင့်လှစ်ထားသည့် ရုံးခန်းဖြစ်ကြောင်း သိရသည်။

ထိုသို့ဝင်ရောက်ရှာဖွေခြင်းသည် နစကက ထိုင်းအစိုးရသို့ တိုင်တန်းခြင်းကြောင့်ဖြစ်သည်ဟု ယင်းအဖွဲ့တာဝန်ရှိသူတစ်ဦးက RFA သတင်းဌာနသို့ ဖြေကြားထားသည်ကို တွေ့ရသည်။

“ရုံးခန်းကို ကျွန်တော့်ခွင့်ပြုချက်မရှိဘဲ အတင်းဝင်ရောက်စီးနင်းတယ်။ ရုံးခန်းမှာ အမြတ်တနိုး ချိတ်ဆွဲထားတဲ့ ဓာတ်ပုံတွေ၊ အလံတွေ၊ ဂုဏ်ပြုမှတ်တမ်းလွှာတွေကို အကုန်ဖြုတ်ခိုင်းတယ်။ ထိုင်းနိုင်ငံမှာ နေထိုင်တဲ့အခါ ကျွန်တော်တို့ ထိုင်းဥပဒေစည်းကမ်းအတိုင်းပဲ သူတို့ပြောတာတွေ အကုန်ထုတ်ပေးတယ်။ ဒါပေမဲ့ အဲဒီမှာ ဘာမပြော ညာမပြောဘဲ ကျွန်တော့်ကို ကန်သွားတယ်” ဟု အဆိုပါအဖွဲ့တာဝန်ရှိသူတစ်ဦးက RFA သတင်းဌာနသို့ ဖြေကြားထားသည်ကို တွေ့ရသည်။

နစကအနေဖြင့် ယင်းသတင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသေးပေ။

Most Read

Most Recent