ထိုင်းနိုင်ငံအတွင်းသို့ ပစ်ကပ်ကားဖြင့် တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား ၁၉ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအတွင်းသို့ ပစ်ကပ်ကားဖြင့် တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား ၁၉ ဦး ဖမ်းဆီးခံရ
ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ် (ဓာတ်ပုံ - AEC thai News
ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ် (ဓာတ်ပုံ - AEC thai News
Published 18 June 2024

ထိုင်းနိုင်ငံအတွင်းသို့ ပစ်ကပ်ကားဖြင့် တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာလုပ်သား ၁၉ ဦးသည် ဇွန် ၁၇ ရက် ညက  ရတ်ချမနူ     မြို့နယ်ရှိ အထူးတပ်ဖွဲ့က ဖမ်းဆီး ခဲ့ကြောင်း ထိုင်းသတင်းများ၌ဖော်ပြချက်အရ သိရသည်။

Rejamnu အထူးတပ်ဖွဲ့ အမှတ် ၄၂၂ ခြေလျင်တပ်ရင်းမှ ကင်းထောက်မစ်ရှင်အဖြစ်  စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိစဉ် ဇွန် ၁၇ ရက် ညသန်းခေါင်ယံတွင် ပစ် ကပ်ကားတစ်စီးဖြင့်  ရတ်ချမနူမြို့တွင်းသို့ ဝင် ရောက်လာသည့် မြန်မာအလုပ်သမား ၁၉ ဦး ကို ဖမ်းဆီးခဲ့သည်ဟုဆိုသည်။

နယ်မြေလုံခြုံရေးအထူးတပ်ဖွဲ့သည်  Ban Muen Ruechai, Phop Phra  ခရိုင် TAK ခရိုင် စသည့်ခရိုင်သုံးခရိုင်အတွင်း  စစ်ဆေး နေစဉ် မြို့တွင်းသို့ သံသယဖြစ်ဖွယ်ဝင်ရောက်  လာသည့်  ပစ်ကပ်ကားတစ်စီးအား တားဆီး စစ်ဆေးကာ တရားမဝင် ဝင်လာသူများကို ဖမ်း ဆီးနိုင်ခဲ့သော်လည်း   ယာဉ်မောင်း ဖြစ်သူမှာ သောင်ရင်းမြစ်ထဲသို့ ခုန်ချထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရသည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင် ရောက်လာသည့် နိုင်ငံခြားသားများကို ထိုင်း တပ်မတော်တာဝန်ရှိသူများက ရှာဖွေဖမ်းဆီး ခဲ့ကြောင်းနှင့် သိမ်းဆည်းရမိသည့်   ပစ်ကပ်ယာဉ် တစ်စီးနှင့် မြန်မာနိုင်ငံသား  ၁၉ ဦးကို ယာဉ် နှင့်အတူ  သက်ဆိုင်ရာရဲစခန်းသို့ ပေးပို့ကာ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

Most Read

Most Recent