ဇွန် ၂၆ ရက် ရန်ကုန် ရွှေအသင်းက ထုတ်ပြန်သည့် အကယ်ဒမီ မီးလင်းရွှေစျေးကွက်စျေးနှုန်း တစ်ကျပ်သားလျှင် ၄,၅၂၆,၅၀၈ ကျပ်ဝန်းကျင်ဖြင့့်သာ အရောင်းအဝယ် ပြုလုပ်ရန် ညွှန်ကြား

ဇွန် ၂၆ ရက် ရန်ကုန် ရွှေအသင်းက ထုတ်ပြန်သည့် အကယ်ဒမီ မီးလင်းရွှေစျေးကွက်စျေးနှုန်း တစ်ကျပ်သားလျှင် ၄,၅၂၆,၅၀၈ ကျပ်ဝန်းကျင်ဖြင့့်သာ အရောင်းအဝယ် ပြုလုပ်ရန် ညွှန်ကြား
Published 26 June 2024

ဇွန် ၂၆ ရက် ရန်ကုန်ရွှေအသင်းက ထုတ် ပြန်သည့် အကယ်ဒမီမီးလင်းရွှေစျေးကွက် စျေးနှုန်း တစ်ကျပ်သား လျှင် ကျပ် ၄၅၂၆၅၀၈ ဝန်းကျင်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်ရန် ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း သိရ သည်။

ရွှေဆိုင်သုံးဆိုင်က သတ်မှတ်ရွှေစျေး နှုန်းဖြင့် ရွှေများကို ရောင်းချပေးလျက်ရှိ ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်း (YGEA) က ထုတ်ပြန်သည်။

အဆိုပါ ရွှေဆိုင်များမှာ ရွှေစင်အကယ် ဒမီရွှေဆိုင်၊ အကယ်ဒမီရွှေဆိုင်နှင့် အောင် သမာဓိရွှေဆိုင်တို့ဖြစ်ကြောင်း YGEA က ဆို သည်။

YGEA က ထုတ်ပြန်ထားသည့် ဓာတ်ပုံ များတွင် ရွှေဝယ်ယူရန် လူများတန်းစီစောင့် ဆိုင်းနေသည်ကိုလည်း တွေ့ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဇွန်လတွင် ထုတ်ပြန်ထားချက်အရ ရွှေစျေးနှုန်း မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိ သည့် တရားမဝင်ရွှေအရောင်းအဝယ်ပြုလုပ် နေသော ပွဲစားများအပါအဝင် စုစုပေါင်းတရား ခံ ၂၁ ဦးကို ဖော်ထုတ်ဖမ်းဆီးစစ်ဆေး လျက်ရှိ ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ၂၁ ဦး၏ ထွက်ဆိုချက်များအရ ပြည်တွင်းရွှေစျေးကွက်အတွင်း စျေးနှုန်းမ တည်မငြိမ်ဖြစ်အောင် နောက်ကွယ်မှ ဆောင် ရွက်လျက်ရှိသည့် တရားခံ ၁၀ ဦးအား ဥပဒေ နှင့်အညီ ခေါ်ယူစစ်ဆေးနိုင်ရေး ဆောင်ရွက် ခဲ့သော်လည်း ထွက်ပြေးတိမ်းရှောင်လျက်ရှိ ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ထုတ်ပြန်ထားသည်။

ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံ ၁၀ ဦးမှာ ပန်းဘဲတန်းမြို့နယ်ရှိ စိန်ကျော်မိုး‌ရွှေ ဆိုင်မှ ဦးကျော်ငြိမ်း၊ မြောက်ဒဂုံမြို့နယ်ရှိ အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်းမှ ဦးမျိုးသူ ဝင်း၊ ပန်းဘဲတန်းမြို့နယ်ရှိ ခရမ်းသုံးခွရွှေဆိုင်မှ ဦးသက်နောင်ဝင်း၊ လသာမြို့နယ်ရှိ ဇွဲထက်ရွှေ ဆိုင်မှ ဦးဆန်းဝင်း၊ အောင်မြေသာစံမြို့နယ်ရှိ အောင်သမာဓိရွှေဆိုင်မှ ဦးအောင်ဆန်းဝင်း၊ လမ်းမတော်မြို့နယ်ရှိ ၀ိန့်စိန်ရွှေဆိုင်မှ ဦး အောင်ကောင်းမြတ်၊ ပန်းဘဲတန်းမြို့နယ်ရှိ ရွှေဇင်ဝင်း‌ရွှေသန့်စင်လုပ်ငန်းမှ ဦးအေးကြူ၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ပွဲစား ဦးကျော် ဝင်း (ခ) ပန်းသီး၊ သင်္ဃန်းကျွန်းမြို့နယ်မှ ပွဲစား ဦးညီညီဦး (ခ) ချက်ကြီး၊ လမ်းမ‌တော်မြို့နယ်မှ ပွဲစား ဒေါ်တင်တင် (ခ) စန္ဒာတင်တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းရွှေ လုပ်ငန်းရှင်များအသင်း ကလည်း တစ်ရက်လျှင် သုံးကြိမ်ဖြင့် ရွှေစျေး နှုန်းကို ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရပြီး ယင်းစျေးနှုန်းဖြင့်သာ ရွှေဆိုင်များအနေဖြင့် အရောင်းအဝယ်ပြုလုပ်ကြရန် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထား သည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန် တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တို ဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ စက် တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

Most Read

Most Recent