မိုးကုတ်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားပြီး အိမ်နှစ်လုံး ပျက်စီး

မိုးကုတ်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားပြီး အိမ်နှစ်လုံး ပျက်စီး
Published 19 June 2024
မင်းလတ်

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် တွင် ဇွန် ၁၈ ရက်က မိုးရွာသွန်းမှုများပြီး မန္တလေး-မိုးကုတ်ကားလမ်းပိုင်းတွင် တောင်ပြို လမ်းပိတ်မှု ခေတ္တဖြစ်ပွားခဲ့ပြီး ဗမွန်ရွာတွင် အိမ်တစ်လုံးနှင့် မိုးကုတ်မင်းတံတားရပ်တွင် အိမ်တစ်လုံး မြေပြိုကျမူကြောင့် ထိခိုက်မှုဖြစ် ခဲ့ကြောင်းသိရသည်။

“မိုးကုတ်မှာ မိုးက ၁၇ ရက် ၁၈ရက်တွေ မှာ မိုးရွာသွန်းမှုများပြီး တောင်ပြိုမြေပြိုမှုတွေ ဖြစ်ခဲ့တယ်။ မိုးရေချိန်လက်မ ၄ ဒသမ ၀၅ အထိရှိတယ်လို့ ကြားသိရတယ်။ မိုးက မနက် နဲ့ညပိုင်းမှာ ရွာခဲ့တော့ တောင်နံရံတွေက မြေ အိပြီး ပြိုကျခဲ့တယ်။ ပထမကြားသိရတာက ဗမွန်ရွာဘက်မှာ အိမ်တစ်လုံး ထိခိုက်ခဲ့တယ်။ လူထိခိုက်မှုမရှိဘူး။ မန္တလေး-မိုးကုတ် ကား လမ်းဘက်က ရွာတွေဘက်မှာ တောင်ပြိုသစ် ပင်လဲတာတို့ဖြစ်ခဲ့လို့ မြေကြီးတွေရှင်း ခဲတွေ ဖယ်ရှားတာတွေ လုပ်ခဲ့တယ်။ မီးသတ်အကူ အညီနဲ့ လမ်းပေါ် ရေဖြန်းရှင်းလင်းပေးခဲ့တယ်။ ညနေပိုင်း မင်းတံတားဘက်က တောင်နံရံဘေး ကပ်လျက်က အိမ်က အိပ်ခန်းမြေဖို့သွားတယ်။ ရှင်းလင်းကူညီရေးလုပ်ခဲ့တယ်။ မနေ့ (ဇွန် ၁၈) က မိုးကုတ်လမ်းပိုင်း နှစ်နာရီလောက် ပိတ်ခဲ့တာ။ ရှင်းလင်းရေးလုပ်ပေးခဲ့လို့ မနေ့ ကတည်းက သွားလာလို့ရနေပါပြီ။ အိမ်ထိ ခိုက်တာက ဗမွန်ရွာမှာ တစ်လုံးနဲ့ မင်းတံတား ရပ်ကွက်မှာ တစ်လုံး ထိခိုက်မှုရှိခဲ့တယ်။ လက် ရှိတော့ မိုးက မရွာဘူး”  ဟု သွားရောက်ကူညီ ပေးခဲ့သူတစ်ဦးက ပြောကြားသည်။

မိုးရွာသွန်းမှုကြောင့် ဇွန် ၁၈ ရက် နံနက် ပိုင်းက ဗမွန်ရွာရှိ တောင်ကုန်းပေါ်မှ မြေပြို ကျမူကြောင့် အိမ်ထိခိုက်မှုရှိခဲ့ပြီး လူထိခိုက် မူမရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် မိုးကုတ်-မန္တလေးကုတ်ကားလမ်းပိုင်းရှိ ကွေ့ကြီးရွာ ဘက်  ဂွေးပင်ရွာဘက် သစ်ဆိမ့်ကုန်းရွာအနီးရှိ လမ်းပေါ်သို့ တောင်စောင်းပေါ်မှ မြေပြိုကျမှု ကြောင့် သစ်ပင်များ၊ မြေသားများကို ရှင်း လင်းရေးလုပ်ဆောင်ပေးခဲ့ရကြောင်း၊ ယင်းနေ့  မွန်းလွဲပိုင်းတွင် မင်းတံတားနယ်မြေရှိ အိမ် တစ်လုံးပေါ်သို့ မြေပြိုကျမှုကြောင့် ရှင်းလင်း မှုများ လုပ်ခဲ့ရကြောင်းလည်း သိရသည်။