ဒဂုံအရှေ့မြို့နယ် အမှတ်(၂)လမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦးသေဆုံး

ဒဂုံအရှေ့မြို့နယ် အမှတ်(၂)လမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦးသေဆုံး
ဓာတ်ပုံ - MFSD
ဓာတ်ပုံ - MFSD
Published 6 September 2024

ဒဂုံအရှေ့မြို့နယ် အမှတ်(၂)လမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦးသေဆုံးမှု စက်တင်ဘာ ၅ ရက် ညပိုင်းကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ကွန်တိန်နာယာဉ်နှင့် အိမ်စီးယာဉ်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယာဉ်တိုက်မှုဖြစ်ပွားရာသို့ ဒဂုံအရှေ့မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများ လာရောက်ခဲ့ကြောင်း သိရသည်။

"အမှတ် ၂ လမ်းမမှာဖြစ်တာပါ။အသက် လေးဆယ်အရွယ်အမျိုးသားတစ်ဦး သေဆုံးပါတယ်"အခင်းဖြစ်ရာသို့ ရောက်ရှိခဲ့သည့် ရှင်သန်ခွင့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေဆုံးသူအား ရှင်သန်ခွင့် လူမှုကူညီရေးအသင်းမှယာဉ်ဖြင့် မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

■ဓာတ်ပုံ - MFSD

Most Read

Most Recent