စီးရီးအေပြိုင်ပွဲသည် ဥရောပ၏အကောင်းဆုံးထိပ်ဆုံး(၃)လိဂ်တွင် အပါအဝင်ဖြစ်ပြီး ချန်ပီယံဆုကို (၅)သင်း အပြိုင်လုရမည်ဟု အေစီမီလန်ဂန္ထဝင် မာလ်ဒီနီ ခန့်မှန်း

စီးရီးအေပြိုင်ပွဲသည် ဥရောပ၏အကောင်းဆုံးထိပ်ဆုံး(၃)လိဂ်တွင် အပါအဝင်ဖြစ်ပြီး ချန်ပီယံဆုကို (၅)သင်း အပြိုင်လုရမည်ဟု အေစီမီလန်ဂန္ထဝင် မာလ်ဒီနီ ခန့်မှန်း
Photo: Sportal.eu
Photo: Sportal.eu
Published 12 September 2024

 

အေစီမီလန်ဂန္ထဝင် ပါအိုလိုမာလ်ဒီနီက စီးရီးအေပြိုင်ပွဲသည် ဥရောပ၏အကောင်းဆုံးထိပ်ဆုံး(၃) လိဂ်တွင် တစ်ခုအပါအဝင်ဖြစ်ပြီး ယခုရာသီ စီးရီးအေချန်ပီယံဆုကို (၅) သင်းအပြိုင်လုရမည်ဟု ခန့်မှန်းပြောကြားခဲ့သည်။ 

စီးရီးအေပြိုင်ပွဲသည် ၁၉၉၀ ကာလတွင် ကမ္ဘာပေါ်တွင် အကောင်းဆုံးလိဂ်အဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း ယခုအခါ ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲအဆင့်ပင် မရှိတော့ကြောင်း ဝေဖန်မှုများ ရှိနေသည်။ 

သို့သော် မာလ်ဒီနီက စီးရီးအေပြိုင်ပွဲမှာ ဥရောပ၏ အကောင်းဆုံးထိပ်ဆုံး (၃) လိဂ်တွင် တစ်ခုအပါအဝင်ဖြစ်နေဆဲဖြစ်ကြောင်းနှင့် ယခုရာသီတွင် အင်တာမီလန်၏စီးရီးအေချန်ပီယံဆုကို အပြိုင်လုမည့်အသင်း (၄) သင်းထိ ရှိနေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

မာလ်ဒီနီက "စီးရီးအေပြိုင်ပွဲမှာ အဆင့်သတ် မှတ်ချက်မှာနိမ့်နေပေမဲ့ နည်းစနစ်ပိုင်း၊ နည်းဗျူဟာပိုင်းအားကောင်းတဲ့ ပြိုင်ပွဲဖြစ်ပြီး ဥရောပရဲ့ထိပ်ဆုံး (၃) လိဂ်ထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ လက်ရှိချန်ပီယံ အင်တာမီလန်အ သင်းက အင်အားအတောင့်ဆုံးပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီက ဒုတိယရခဲ့တဲ့ အေစီမီလန်၊ အင်အားဖြည့်တင်းမှုတွေလုပ်ထားတဲ့ ဂျူဗင်တပ်စ်၊ နာပိုလီနဲ့ရိုးမားတို့ကလည်း စီးရီးအေချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းတွေဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent