■ ဆလော့ရဲ့ အကောင်းဆုံးစတင်ခြင်းနောက်ကွယ်

■ ဆလော့ရဲ့ အကောင်းဆုံးစတင်ခြင်းနောက်ကွယ်
Photo: Getty Images
Photo: Getty Images
Published 12 September 2024
Taw Linn

မန်ယူ (ဝ-၃) လီဗာပူးလ်ပွဲအပြီးမှာ လီဗာပူးလ်နည်းပြသစ် အာနယ်ဆလော့နဲ့ မန်ယူနည်းပြ တန်ဟက်ဂ်ကို နှိုင်းယှဉ်မှုတွေ ထွက်ပေါ်လာတယ်။ တန်ဟက်ဂ်နဲ့ ဆလော့က တူတာတော်တော် များတယ်။ နှစ်ယောက်စလုံးက ဒတ်ချ်လူမျိုးတွေဖြစ်ပြီး ကတုံးပြောင်တာချင်းလည်း တူတယ်။ ပြီးတော့ နယ်သာလန်မှာ အောင်မြင်ပြီးမှ အင်္ဂလန်ကို လာတာချင်းလည်း တူတယ်။ ဒါပေမဲ့ (၃) ရာသီအတွင်း တန်ဟက်ဂ် မလုပ်နိုင်သေးတဲ့အရာကို ဆလော့က (၃)ပတ်အတွင်း လုပ်ပြခဲ့တယ်။ ဆလော့ရဲ့အတွေးအခေါ်နဲ့ အစီအစဉ်တွေက ရှင်းတယ်။ လီဗာပူးလ်ဟာ နည်းပြကောင်းလက်ထဲမှာ ရှိနေပြီး အောင်မြင်မှုတွေရယူဖို့ အသင့်ဖြစ်နေပြီဆိုတာ မြင်တွေ့ရတယ်။

 

Most Read

Most Recent