NUG အဖွဲ့၏ ယာယီဆေးပညာဘွဲ့လက်မှတ်ဖြင့် ထိုင်းနိုင်ငံတွင် တက္ကသိုလ်တက်ရောက်ခွင့် လျှောက်ထားသူနှစ်ဦး၏ ယာယီဘွဲ့လက်မှတ်များကို နိုတြီပြန်ပေးခဲ့သူသုံးဦးအား ဖမ်းဆီး

NUG အဖွဲ့၏ ယာယီဆေးပညာဘွဲ့လက်မှတ်ဖြင့် ထိုင်းနိုင်ငံတွင် တက္ကသိုလ်တက်ရောက်ခွင့် လျှောက်ထားသူနှစ်ဦး၏ ယာယီဘွဲ့လက်မှတ်များကို နိုတြီပြန်ပေးခဲ့သူသုံးဦးအား ဖမ်းဆီး
Published 22 November 2024

NUG အဖွဲ့၏ ယာယီဆေးပညာဘွဲ့ လက်မှတ်ဖြင့် ထိုင်းနိုင်ငံ ဃ့ကူေူသညါုသမည တက္ကသိုလ် တက်ရောက်ခွင့်လျှောက်ထားသူ နှစ်ဦး၏ ယာယီဘွဲ့လက်မှတ်များကို နိုတြီ ပြန်ပေးခဲ့သူသုံးဦးအား ဖမ်းဆီးခဲ့ကြောင်း သိ ရသည်။

နစက၏ ထုတ်ပြန်မှုအရ NUGအဖွဲ့ လက်အောက်ခံ တရားမဝင် ဆေး တက္ကသိုလ် (မန္တလေး)မှ ယာယီဆေးပညာဘွဲ့လက်မှတ် အတုများပြုလုပ်ကာ ပြည်ပတက္ကသိုလ်များတွင် ပညာသင်ကြားနိုင်သည်ဟု မက်လုံးများပေးပြီး လိမ်လည်ဆောင်ရွက်လျက်ရှိ သဖြင့် ယုံမှားခဲ့သည့် ကျောင်းသား/ ကျောင်း သူများသည် ပြည်ပတက္ကသိုလ်များ၌ ပညာ သင်ကြားရန် လျှောက်ထားရာတွင် တရားဝင် မှုမရှိသောကြောင့် သက်ဆိုင်ရာ တက္ကသိုလ် များမှ လက်မခံသည့် အတွက် ကျောင်းတက် ရောက်ရန် အခက်အခဲများဖြစ် ပေါ်လျက်ရှိ ကြောင်းသိရသည်ဟု ဖော်ပြထားသည်။

ဆေးတက္ကသိုလ်(မန္တလေး)မှ Final Part II အား ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၆ ရက်၊ ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တို့တွင် သင်တန်းဖွင့်လှစ်ခဲ့သော်လည်း သုံးကြိမ်သတင်းပို့တက်ရောက်ရန် ပျက်ကွက်ခဲ့ပြီး စည်းကမ်းဖောက်ဖျက်ခဲ့သူ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်နေ ဆုပြည့်မျိုးသွက်နှင့်  ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၂၄ ခုနှစ် မေ ၆ ရက် တို့တွင် သင်တန်းဖွင့်လှစ်ခဲ့သော်လည်း သုံးကြိမ်သတင်းပို့တက်ရောက်ရန် ပျက်ကွက်ခဲ့ပြီး စည်းကမ်းဖောက်ဖျက်ခဲ့သူ စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့နယ်နေ သဥ္ဇာထက် တို့နှစ်ဦးအား ဆေးတက္ကသိုလ်(မန္တလေး)မှ ထုတ်ပယ်ထားခဲ့ကြောင်း သိရသည်။

ယင်းနောက် ၎င်းတို့နှစ်ဦးသည် NUG အဖွဲ့လက်အောက်ခံ တရားမဝင်ဆေး တက္ကသိုလ်(မန္တလေး)၊ ယာယီတက္ကသိုလ်ကောင်စီနာယကသစ္စာမဲ့ဝန်ထမ်း Distyalty Civil Servant - DCSဖြစ်သူ ခင် မောင်လွင် (ဆေးတက္ကသိုလ်-မန္တလေး၊ ပါမော က္ခချုပ်ဟောင်း)မှ တရားမဝင် ထုတ် ပေးခဲ့သည့် ယာယီဆေးပညာ ဘွဲ့လက်မှတ် အတုတို့ဖြင့် ထိုင်းနိုင်ငံ၊ Chulalongkorn တက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိရေး အ တွက် တရားမဝင်လျှောက်ထားခဲ့ကြောင်း သိရသည်။

ထို့နောက်၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်တွင် ထိုင်းနိုင်ငံ Chulalongkorn တက္ကသိုလ်မှ အဆိုပါကျောင်းသူနှစ်ဦး၏ တက္ကသိုလ်တက်ရောက်ခွင့် လျှောက်ထားမှု နှင့်ပတ်သက်၍ သံသယရှိသဖြင့် ယာယီဆေး ပညာဘွဲ့လက်မှတ်များအား အတည်ပြုပေး နိုင်ရန် မြန်မာနိုင်ငံရှိဆေးတက္ကသိုလ် (မန္တလေး)သို့ အကြောင်းကြားလာခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၀ ရက်တွင် အဆိုပါယာယီဆေး ပညာဘွဲ့လက်မှတ်အား စစ်ဆေးအတည်ပြုခဲ့ရာ ဆေးတက္ကသိုလ်(မန္တလေး)မှ ထုတ်ပေးထားသော ဘွဲ့လက်မှတ်များမဟုတ်ဘဲ ဘွဲ့ လက်မှတ်အတုများဖြစ်၍ တရားမဝင်ကြောင်း  ပြန်လည်အကြောင်းကြားခဲ့သည့်အတွက် Chulalongkorn တက္ကသိုလ်မှ ၎င်းတို့ နှစ် ဦးအား တက္ကသိုလ်တက်ရောက်ခွင့် လက်မခံခဲ့ကြောင်း သိရသည်။

အဆိုပါ ယာယီဆေးပညာဘွဲ့လက်မှတ် အတုများအား ပြုလုပ်ပေးသူ ရန်ကုန်တိုင်း ဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ (၃၅)လမ်း၊ တိုက်အမှတ်(၃၅)၊ တတိယထပ်တွင် ရုံးခန်းဖွင့်လှစ်ထားသည့် သိဏ်းချမ်း(ခ)သိန်း ဝင်း(B.A;H.G.P;R.L;) Notary Publicမှ တရားမဝင် Notary (သက်သေခံချက်) ပြု လုပ်ပေးခဲ့ကြောင်း သိရှိရသည့်အတွက် နိုဝင်ဘာ ၂၁ ရက်တွင် တရားမဝင် Notary (သက်သေခံချက်)ပြုလုပ်ပေးခဲ့သည့် ရန်ကုန် တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်နေ ဦးသိဏ်းချမ်း(ခ)သိန်းဝင်းနှင့် သင်္ဃန်းကျွန်းမြို့ နယ်နေ ဒေါ် သက်ထက်ဦး(ခ)ဝင်းထက်မြတ်တို့ နှစ်ဦးအား ၎င်းတို့ရုံးခန်း၌ စာရွက်စာတမ်းများ အတုပြုလုပ်ရာတွင် အသုံးပြုသည့် သက်သေ ခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖမ်းဆီးရမိသည့်  ဦးသိဏ်းချမ်း(ခ)သိန်းဝင်း၏ ထွက်ဆိုချက်အရ NUG အဖွဲ့ လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ် (မန္တလေး)၊ ယာယီ ဆေးပညာဘွဲ့လက်မှတ် အတုအား ဘာသာပြန်ပေးခဲ့သည့် ကျောက် တံတားမြို့နယ်ရှိ M2 နိုတြီ ဘာသာပြန်ဆိုင်မှ ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးမြတ်မင်းသူ အား သက်သေ ခံပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

သို့ဖြစ်၍ တရားမဝင်ယာယီဆေးပညာ ဘွဲ့လက်မှတ်အတု ထုတ်ပေးခဲ့သည့် တရား မဝင် ဆေးတက္ကသိုလ်(မန္တလေး)၊ ယာယီ တက္ကသိုလ်ကောင်စီနာယက သစ္စာမဲ့ဝန်ထမ်း (Distyalty Civil Servant - DCS)ဖြစ်သူ ခင်မောင်လွင်(ဆေးတက္ကသိုလ်-မန္တလေး၊ ပါမောက္ခချုပ်ဟောင်း)၊ တရားမဝင် ယာယီဆေးပညာဘွဲ့လက်မှတ်အတုတို့ဖြင့် ထိုင်းနိုင်ငံ Chulalongkorn တက္ကသိုလ်သို့ တက် ရောက် ခွင့်ရရှိရေးအတွက် လျှောက်ထားခဲ့သူ မဆုပြည့်မျိုးသွက်နှင့် မသဥ္ဇာထက်တို့ နှစ်ဦးအား Black List (အမည်မည်းစာရင်း)ကြေညာ၍ ဖော်ထုတ်ဖမ်းဆီးကာ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်  ကြောင်း  ထုတ်ပြန်သည်။

NUG အဖွဲ့လက်အောက်ခံ တရားမဝင် ဆေးတက္ကသိုလ်(မန္တလေး)၊ ယာယီတက္ကသိုလ် ကောင်စီမှထုတ်ပေးခဲ့သည့် ယာယီဆေးပညာ ဘွဲ့ လက်မှတ်အတုတို့အား Notary (သက်သေခံချက်) ပြုလုပ်ပေးခဲ့သည့် ဖမ်းဆီးရမိသူ ဦးသိဏ်းချမ်း (ခ)သိန်းဝင်း၊ ဒေါ် သက်ထက်ဦး (ခ)ဝင်းထက်မြတ်နှင့်  ဦး မြတ်မင်းသူတို့သုံးဦး  နှင့်အတူ ပါဝင်ပတ်သက်သူများကိုထိရောက် စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။