■ အားမွေးထားဖို့လိုနေတဲ့ UEFA နဲ့ စီးပွားရေးဆန်လွန်းတဲ့ Format အသစ်

■ အားမွေးထားဖို့လိုနေတဲ့ UEFA နဲ့ စီးပွားရေးဆန်လွန်းတဲ့ Format အသစ်
Photo: UEFA
Photo: UEFA
Published 12 September 2024
Chan Myae

ချန်ပီယံလိဂ်ပြိုင်ပွဲက ပုံစံသစ်နဲ့ ကျင်းပမယ်။ အသင်းကြီးတွေရဲ့ ထိပ်တိုက်တွေ့ဆုံမှုများစွာနဲ့ အတူ ပျော်စရာကောင်းတယ်လို့ ထင်ရတဲ့ကြားထဲမှာ သိစရာတွေ ရှိပါတယ်။ ဒါဟာ ပိုကောင်းတဲ့ စနစ်မဟုတ်မှန်း ကမ္ဘာ့ထိပ်တန်းဂျာနယ်လစ်တွေ အကြိမ်ကြိမ်အခါခါ ရေးသားတင်ပြခဲ့ပြီးသားပါ။ အခုက (၃၆) သင်းပါဝင်တဲ့ လိဂ်ပုံစံဖြစ်သွားပြီး တစ်သင်းကို (၈) ပွဲအနည်းဆုံး ကစားရမယ်။ ထိပ်ဆုံး (၈) သင်းက တိုက်ရိုက် နောက်တစ်ဆင့် တက်မယ်။ အဆင့် (၉) ကနေ (၂၄) အထိ (၁၆) သင်းက Play-offs ကတစ်ဆင့် နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်နိုင်မယ်။ ပြီးခဲ့တဲ့ စနစ်မှာ အသင်း (၁၆) သင်း ပြိုင်ပွဲကနေ ထွက်ခွာရတယ်။ အဲဒီအတွက် ပွဲပေါင်း (၉၆) ပွဲ ကစားတယ်။ အခုစနစ်သစ်မှာ (၁၂) သင်း ပြိုင်ပွဲကနေ ထွက်ရဖို့ (၁၄၄) ပွဲအထိ ကစားရမယ်။ ဒါက ဖောင်းပွလွန်းနေတဲ့ ပမာဏ ဖြစ်တယ်။

 

Most Read

Most Recent