မိမိတို့ ဘောလုံးသမားများသည် စက်ရုပ်များ မဟုတ်ကြောင်း စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင် ပြောကြား

မိမိတို့ ဘောလုံးသမားများသည် စက်ရုပ်များ မဟုတ်ကြောင်း စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင် ပြောကြား
Photo: X
Photo: X
Published 26 September 2024

စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က ယခုရာသီတွင် ဘောလုံးပွဲစဉ်များ ပိုမိုများပြားလာခြင်းနှင့်ပတ်သက်၍ စိတ်ပူကြောင်း ဝန်ခံခဲ့ပြီး မိမိတို့ဘောလုံးသမားများမှာ စက်ရုပ်များမဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)သည် ၎င်းတို့ကြီးမှူးကျင်းပသည့် ဥရောပပြိုင်ပွဲများတွင် ပြိုင်ပွဲဝင်အသင်းများ တိုးမြှင့်ခဲ့ရာ ပွဲစဉ်များ တိုးလာခဲ့သည်။

ယင်းအတွက် ဘောလုံးသမားများက ဝေဖန်မှုများ ပြုလုပ်နေကြပြီး ယခုအခါ ဆွန်ဟောင်မင်ကလည်း များပြားလှသည့် ဘောလုံးပွဲစဉ်များကြောင့် ကစားသမားများ မနိုင်ဝန်ထမ်းနေရသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆွန်ဟောင်မင်က ''ကစားသမားတော်တော်များများ အမှန်တွေပြောနေကြပါတယ်။ ပွဲတွေများလာတာနဲ့ ပတ်သက်ပြီး အဓိကဖြစ်တဲ့ ကစားသမားတွေ ပြောဖို့လိုပါတယ်။ ဟုတ်ပါတယ်။ အခုက ပွဲတွေအရမ်းများလာပါတယ်။ ဘောလုံးပရိသတ်တွေက ပွဲတွေများတာထက် အရည်အသွေးရှိတဲ့ ပွဲတွေကိုပဲ ကြည့်ချင်ကြတာပါ။ ပွဲတွေများတာက ကျွန်တော်တို့အတွက် ခက်ခဲပါတယ်။ ကျွန်တော်တို့က စက်ရုပ်တွေ မဟုတ်ပါဘူး။ ပွဲတွေလျှော့စေချင်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent