■ ယနေ့ည ကစားမည့် ဥရောပထိပ်တန်းလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ယနေ့ည ကစားမည့် ဥရောပထိပ်တန်းလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 18 October 2024

■  လာလီဂါပွဲစဉ် (၁၀) ပွဲကြိုသုံးသပ်ချက် 

အလာဗတ်စ် - ဗယ်လာဒိုလစ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၉ ရက် နံနက် ၁:၃၀ နာရီ)

ဗယ်လာဒိုလစ်ကတော့ အဝေးကွင်းမှာ ခံစစ်သက်သက်ပဲ ကစားနေတဲ့အသင်းလို ဖြစ်နေတယ်။ ခံစစ်ကစားပေမယ့်လည်း အဝေးကွင်းမှာ သိပ်ကောင်းလှတာမျိုးလည်း မဟုတ်သေးဘူး။ ဒါကြောင့် အိမ်ကွင်းကစားအားကောင်းပြီး ဂိုးရအောင်လည်းကစားနိုင်တဲ့ အလာဗတ်စ်နဲ့ ဂိုးအနည်းပဲ ရွေးထားမယ်။



■ ဘွန်ဒစ်လီဂါပွဲစဉ် (၇)  ပွဲကြိုသုံးသပ်ချက် 

ဒေါ့မွန် - ဆန့်ပေါ်လီ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၉ ရက် နံနက် ၁:၀၀ နာရီ)

ဒေါ့မွန်အသင်းက ဒီပွဲပြီးရင် ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မကျေပွဲ ကစားရမယ်။ ဒါပေမဲ့ ဒေါ့မွန်တို့ ဘွန်ဒစ်လီဂါအိမ်ကွင်း(၅)ပွဲဆက် ဂိုးပြတ်အနိုင်ယူထားတာပါ။ ဒီပွဲလည်း ဒေါ့မွန် ဂိုးပြတ်ဦးမယ်။



■ ပြင်သစ်လီဂူးပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက်

မိုနာကို - လိုင်လီ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၉ ရက် နံနက် ၁:၁၅ နာရီ)

မိုနာကိုအတွက် ခက်ခဲနိုင်တဲ့ပွဲစဉ်ပါ။ လိုင်လီက နိုင်ပွဲဆက်နေပြီး ယုံကြည်မှုမြင့်နေတယ်။ မိုနာကိုကတော့ ဇယားထိပ်ဆုံးမှာဆက်ရှိနိုင်ရေးအတွက် အိမ်ကွင်းမှာ အတတ်နိုင်ဆုံးအမှတ်ရဖို့ကြိုးစားမှာဖြစ်ပြီး လိုင်လီရဲ့ ခံစစ်အသားပေးကစားလာနိုင်မှုကို ကျော်ဖြတ်နိုင်မလား စောင့်ကြည့်ရပါလိမ့်မယ်။ အိမ်ကွင်းခြေပိုမာတဲ့ မိုနာကိုနဲ့ ဂိုးအနည်းပဲ ရွေးထားချင်တယ်။

Most Read

Most Recent