မြန်မာနိုင်ငံ၌ 5G မိုဘိုင်းဖုန်း ဆက်သွယ်ရေးစနစ်တည်ဆောက်ရာတွင် ကူညီမည်ဟု အိန္ဒိယ ကမ်းလှမ်း

မြန်မာနိုင်ငံ၌ 5G မိုဘိုင်းဖုန်း ဆက်သွယ်ရေးစနစ်တည်ဆောက်ရာတွင် ကူညီမည်ဟု အိန္ဒိယ ကမ်းလှမ်း
Published 18 October 2024

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ၌ 5G မို ဘိုင်းဖုန်းစနစ်တည်ဆောက်ရာတွင် အကူ အညီပေးရန် ကမ်းလှမ်းခဲ့သည်ဟု အောက် တိုဘာ ၁၆ ရက်တွင် အိန္ဒိယအစိုးရတာဝန် ရှိသူက ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် အိန္ဒိယသည် မိုဘိုင်းဖုန်းများ၌ မြန်နှုန်းအလွန်မြင့်သော အင်တာနက်ကို ပံ့ပိုးပေးရန်  5G တယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုကို စတင်ခဲ့သည်။

ထို့ကြောင် အိန္ဒိယနိုင်ငံတွင် ခရိုင် ၉၈ ရာခိုင်နှုန်းနှင့် ကျေးရွာ ၉၀ ရာခိုင် နှုန်းသည် ၂၁ လအတွင်း  5G စနစ်ကို ရရှိနေ ပြီဖြစ်သည်။

“5G  နယ်ပယ်မှာ  5G စနစ်ကို မြန်မာနိုင်ငံက တည်ထောင်ရာမှာ  အကူအညီ ပေးဖို့ ကျွန်တော်တို့ ကမ်းလှမ်းခဲ့ပါတယ်”ဟု  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရှိ ပူးတွဲ အတွင်းဝန် ဆစ်ဒါ့မဟာဂျန်က သတင်း ထောက်များကို ပြောကြားခဲ့သည်။

လွန်ခဲ့ သောလက ပြုလုပ်ခဲ့သည့် ရှစ်ကြိမ်မြောက် အိန္ဒိယ-မြန်မာ ပူးတွဲကုန်သွယ်ရေးအစည်း အဝေးတွင် ဆွေးနွေးခဲ့သော အကြောင်းအရာများထဲတွင် အဆိုပါကိစ္စကိုလည်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

နှစ်ဖက်စလုံးက သင်္ဘော လုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ရေးကို လည်းဆွေးနွေးခဲ့ပြီး ကမ်းရိုးတန်းသင်္ဘော လုပ်ငန်းကိုဆွေးနွေးခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။                 

Ref;India Times

Most Read

Most Recent