■ သြဂုတ်လ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆု ရရှိရန် ဟာလန်း ရေပန်းစားနေ     

■ သြဂုတ်လ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆု ရရှိရန် ဟာလန်း ရေပန်းစားနေ     
Photo: Getty Images
Photo: Getty Images
Published 6 September 2024

သြဂုတ်လ ပရီးမီးယားလိဂ်အကောင်းဆုံးဆုများအတွက် ဆန်ခါတင်စာရင်းများကို ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ရာ အကောင်းဆုံးက စားသမားဆုအတွက် မန်စီးတီးတိုက်စစ်မှူး ဟာလန်းက ရေပန်းအစားဆုံး ဖြစ်နေကြောင်း သိရသည်။

    

အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်ကစားသမား(၈)ဦးစာရင်းတွင် ဟာလန်းနှင့်အတူ အမ်ဘူမို(ဘရန့်ဖို့ဒ်)၊ အိုနာနာ(အက် စတွန်ဗီလာ)၊ ပါလ်မာ(ချယ်လ်ဆီး)၊ ရာယာ(အာဆင်နယ်)၊ ဆာကာ(အာ ဆင်နယ်)၊ ဆာလာ(လီဗာပူးလ်)၊ ဝဲလ်ဘက်(ဘရိုက်တန်)တို့ ပါဝင်ခဲ့ပြီး မန်စီးတီးအသင်းအတွက် ဟက်ထရစ် နှစ်ကြိမ် သွင်းယူပေးခဲ့သည့် ဟာလန်းက ရေပန်းအစားဆုံးဖြစ်နေခြင်း ဖြစ်သည်။ 

အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်စာရင်းတွင်မူ အာ တီတာ(အာဆင်နယ်)၊ ဂွါဒီယိုလာ (မန်စီးတီး)၊ ဟူဇယ်လာ(ဘရိုက် တန်)နှင့် အာနယ်ဆလော့(လီဗာပူးလ်)တို့ ပါဝင်ခဲ့ပြီး အာနယ်ဆလော့က အလားအလာအကောင်းဆုံးဖြစ်နေကြောင်း သိရသည်။ 

    

အကောင်းဆုံးကာကွယ်မှုဆု အတွက် ဆန်ခါတင်စာရင်းတွင် ရာယာ(အာဆင်နယ်)၊ ဖလက်ကန်(ဘ ရန့်ဖို့ဒ်)၊ မူရစ်(အစ်ဝစ်ချ်)၊ အာရီအို လာ(ဝက်စ်ဟမ်း)၊ အီဒါဆန်(မန်စီး တီး)တို့ ပါဝင်ခဲ့ပြီး ရာယာက ရေပန်း အစားဆုံးဖြစ်နေသည်။ 

အကောင်းဆုံးသွင်းဂိုးဆုအတွက် ဆန်ခါတင်စာရင်းတွင် ကိုဗာချစ်(မန်စီးတီး)၊ ဘစ်ဆူးမား(စပါး)၊ ဘိုဝင်(ဝက်စ်ဟမ်း)၊ ပါလ်မာ(ချယ်လ်ဆီး)၊ ဒီ ယက်ဇ်(လီဗာပူးလ်)၊ ဘယ်လီဂါ့ဒ် (ဝုလ်ဗ်)၊ ဒီလက်ပ်(အစ်ဝစ်ချ်)၊ ဆူဂါ ၀ါရာ(ဆောက်သမ်တန်)တို့ ပါဝင်ခဲ့သည်။ 

ဆုရရှိသူများကို လာမည့်ရက်သတ္တပတ်တွင် သိရှိရမည်ဖြစ်သည်။