အသင်းမှ ထွက်ခွာတော့မည့် မာတစ်နေရာတွင် အစားထိုးရန်အတွက် ဂူဟီကို လီဗာပူးလ်အသင်း စိတ်ဝင်စားနေ

အသင်းမှ ထွက်ခွာတော့မည့် မာတစ်နေရာတွင် အစားထိုးရန်အတွက် ဂူဟီကို လီဗာပူးလ်အသင်း စိတ်ဝင်စားနေ
Photo: Getty Images
Photo: Getty Images
Published 17 July 2024

 

လီဗာပူးလ်အသင်းသည် အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းမှ ထွက်ခွာတော့မည့် ကင်မရွန်းလက်ရွေးစင်ကွင်းလယ်လူ မာတစ်နေရာတွင် အစားထိုးရန်အတွက် ခရစ္စတယ်ပဲလေ့စ်အသင်း၏ အင်္ဂလန်လက်ရွေးစင်နောက်ခံလူ မာ့ခ်ဂူဟီအား စိတ်ဝင်စားလျက်ရှိကြောင်း သိရှိရသည်။

ဂူဟီသည် ပြီးခဲ့သည့် ယူရို ပြိုင်ပွဲတွင် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သည့် အင်္ဂလန်လက်ရွေးစင်အသင်း၏ အဓိက ကစားသမားတစ်ဦးဖြစ်သည်။ နာမည်ကျော် အပြောင်းအရွှေ့စပါယ်ရှယ်လစ်တစ်ဦး ဖြစ်သည့် ဖာဘရီဇီယိုရိုမာနိုက ယင်းသတင်းကို အတည်ပြုခဲ့ပြီး "မာ့ခ်ဂူဟီက လီဗာပူးလ်အသင်းဆီက ချိတ်ဆက်မှု ရရှိနေတယ်လို့ ကျွန်တော် အတည်ပြုနိုင်ပါတယ်။ လီဗာပူးလ် အသင်းက ဂူဟီကို ကာလရှည်စောင့် ကြည့်နေတယ်ဆိုတာကိုလည်း ကျွန်တော် ထပ်ပြီးအတည်ပြုုနိုင်ပါတယ်။ သူက လီဗာပူးလ်အသင်း အရမ်းလိုချင်နေတဲ့ ကစားသမားဆိုတာ သေချာပါတယ်"ဟု ပြောကြားခဲ့သည်။

ဂူဟီသည် ချယ်လ်ဆီးအသင်း၏ လူငယ်စီမံကိန်းထွက်ကစားသမား တစ်ဦးဖြစ်ပြီး အသင်းတွင် နေရာမရသည့်အတွက် ပဲလေ့စ်အသင်းထံ ပြောင်းရွှေ့ကစားခဲ့ရာမှ ထိပ်တန်းအဆင့် နောက်ခံလူတစ်ဦးအဖြစ် အသိအမှတ်ပြုခံလာရသည့် ကစားသမားလည်းဖြစ်သည်။

Most Read