အေစီမီလန်အသင်းသို့ စပိန်တိုက်စစ်မှူး မိုရာတာ ပြောင်းရွှေ့မည်

အေစီမီလန်အသင်းသို့ စပိန်တိုက်စစ်မှူး မိုရာတာ ပြောင်းရွှေ့မည်
Photo: AFP
Photo: AFP
Published 17 July 2024

 

စပိန်လက်ရွေးစင်အသင်းခေါင်းဆောင်ဖြစ်သူ မိုရာတာသည် စီးရီးအေကလပ် အေစီမီလန်အသင်းသို့ ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း သိရသည်။

အေစီမီလန်အသင်းသည် အသက် ၃၁ နှစ်အရွယ်ရှိ မိုရာတာအား စာချုပ်လျော်ကြေး ပမာဏအတိုင်း ယူရို ၁၃ သန်းဖြင့် ခေါ်ယူသွားရန်လည်း မိခင်ကလပ် အက်သလက်တီကိုအသင်းထံ အကြောင်းကြားထားပြီးလည်း ဖြစ်သည်။ 

မိုရာတာသည် ယနေ့တွင် အေစီမီလန်အသင်းနှင့် မက်ဒရစ်မြို့၌ ဆေးစစ်မှုခံယူရန် စီစဉ်ထားပြီး အပြောင်းအရွှေ့စာချုပ်ကို အပြီးသတ်လက်မှတ်ထိုးဖွယ်ရှိသည်။ 

အေစီမီလန်အနေဖြင့် မိုရာတာကို လေးနှစ်စာချုပ် ချုပ်ဆိုမည်ဖြစ်ကာ တစ်နှစ်သက်တမ်းတိုးခွင့်လည်း ထည့်သွင်းထားသည်။ 

မိုရာတာသည် အေစီမီလန်အသင်း တွင် တစ်နှစ်လစာအဖြစ် ယူရို လေးသန်း ရရှိမည်ဖြစ်ကြောင်း အီတလီသတင်းများက ဖော်ပြခဲ့သည်။

Most Read

Most Recent