ပရီးမီးယားလိဂ်ထိပ်သီးအသင်းများနှင့် ဒီဘားလား သတင်းထွက်နေ

ပရီးမီးယားလိဂ်ထိပ်သီးအသင်းများနှင့် ဒီဘားလား သတင်းထွက်နေ
Photo: Fabrizio
Photo: Fabrizio
Published 23 May 2024

ကိုပါအမေရိကပြိုင်ပွဲဝင်မည့် အာဂျင်တီးနားအသင်းလူစာရင်းမှ ချန်လှပ်ခြင်းခံခဲ့ရသည့် ရိုးမားတိုက်စစ်ကစားသမား ဒီဘားလားသည် ပရီးမီးယားလိဂ်ထိပ်သီးကလပ်များဖြစ်သည့် အာဆင်နယ်၊ ချယ်လ်ဆီး၊ မန်ယူအသင်းများ နှင့် သတင်းထွက်နေကြောင်း သိရသည်။

ဒီဘားလားသည် ရိုးမားအသင်းနှင့် ၂၀၂၅ နွေရာသီအထိ စာချုပ်သက်တမ်း ရှိနေသော်လည်း အီတလီပြင်ပကလပ်များအနေဖြင့် ယူရို (၁၂)သန်းဖြင့် ဇူလိုင်လ(၃၁)ရက်အထိ ခေါ်ယူခွင့်ရှိသည့်အချက် ပါဝင်သည်။

ဒီဘားလားသည် ယခုရာသီတွင် ပြိုင်ပွဲစုံ (၃၈)ပွဲကစားပြီး (၁၆)ဂိုးသွင်း၊ (၁၀)ဂိုး ဖန်တီးခဲ့သည်။

Most Read

Most Recent