FA ဖလား ဂယက်

FA ဖလား ဂယက်
Photo : AFP
Photo : AFP
Published 27 May 2024
AK

မန်ယူပရိသတ်တွေက တစ်ရာသီလုံး ဒုက္ခကိုရင်စည်းခံလာပေမယ့် အခုရာသီပိတ်ကျမှ လက်ခမောင်းခတ်နိုင်ပါပြီ။ FA ဖလားချန်ပီယံဆုက မန်ယူကို တံတွေးခွက်ထဲ ပက်လက်မျောနေရာကနေ ကယ်တင်လိုက်ပါတယ်။ မျှော်လင့်ချက်မဲ့နေတဲ့ သေလူတစ်ယောက်လိုဘဝကနေ အားတိုးဆေးသောက်လိုက်တဲ့ လူပျိုသိုးကြီးတစ်ယောက်လို လန်းဆန်းခဲ့ပြီ။ ပရီးမီးယားလိဂ်မှာ အဆင့် ၈ နေရာ နဲ့ဇာတ်သိမ်းရပေမယ့် FA ဖလားချန်ပီယံဖြစ်လို့ ယူရိုပါလိဂ်ကို နောက်ဖေးပေါက်ကနေ ဝင်ခွင့်ရခဲ့ပါတယ်။ မန်ယူရဲ့အောင်ပွဲကြောင့် နာကျင်ခံစားရတာ မန်စီးတီးတစ်သင်းတည်းမဟုတ်ပါဘူး။ အဆင့် ၆နေရာကို အသက်ထွက်မတတ် သိမ်းပိုက်ထားရတဲ့ ချယ်လ်ဆီးလည်းနာကျင်ရတယ်။

 

Most Read

Most Recent