ဘုရားသုံးဆူမြို့ရှိ ထိုင်း-မြန်မာနယ်စပ်ဂိတ်များ ပိတ်ထားသည့်အတွက် ကုန်တင်ယာဉ်များ သောင်တင်နေပြီး ကုန်စည်စီးဆင်းမှုရပ်ဆိုင်း

ဘုရားသုံးဆူမြို့ရှိ ထိုင်း-မြန်မာနယ်စပ်ဂိတ်များ ပိတ်ထားသည့်အတွက် ကုန်တင်ယာဉ်များ သောင်တင်နေပြီး ကုန်စည်စီးဆင်းမှုရပ်ဆိုင်း
Published 23 June 2024

ဘုရားသုံးဆူမြို့ရှိ ထိုင်း-မြန်မာနယ်စပ် ဂိတ်များ ပိတ်ထားသည့်အတွက် ကုန်တင် ယာဉ်များ သောင်တင်နေပြီး ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကုန်စည်စီးဆင်းမှု ရပ် ဆိုင်းနေကြောင်း သတင်းရရှိသည်။

ဘုရားသုံးဆူမြို့ရှိ ထိုင်း - မြန်မာ နယ်စပ် ဂိတ်များအား ဇွန် ၁၅ ရက်မှစတင်ကာ ၁၀ ရက် ပိတ်ထားပေးရန် မြန်မာဘက်က ပြော ဆိုထားကြောင်း ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စံခလဘူရီအကောက်ခွန်ဌာနအကြီး အကဲက ဇွန် ၂၁ ရက်တွင် သတင်းထောက်များကို ပြော ကြားခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှ လာသည့် သတင်းများအရ သိရသည်။

ဘုရားသုံးဆူရှိ စစ်ဆေးရေးဂိတ်များကို ၁၀ ရက်ကြာ ပိတ်ထားမည့်အတွက်ကြောင့် ကုန်တင်ယာဉ်များ သောင်တင်နေကြောင်း၊ အခြားနယ်စပ်ဂိတ်များမှ ကုန်ပစ္စည်းများ တင် ပို့နိုင်ရန်အတွက် စံခလဘူရီအကောက်ခွန် ဌာနမှ စာရွက်စာတမ်းများအား လိုအပ်သလို ပြင်ဆင်ပေးနေကြောင်း၊ နယ်စပ်ဂိတ်များပိတ် ထားသည်ကို နားလည်ပေးစေလိုကြောင်းနှင့် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ပြီး ပုံမှန် အခြေအနေပြန်လည်ရောက်ရှိသည်အထိ စောင့်ဆိုင်းပေးကြရန် ၎င်းင်းက ပြောကြားခဲ့ သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန် ၁၇ ရက် နံနက်ပိုင်းမှစတင် ကာ ဘုရားသုံးဆူမြို့ရှိ ထိုင်း - မြန်မာနယ်စပ် ဂိတ်ကို ပိတ်ထားလိုက်ပြီးသည့်နောက် ထိုင်း နိုင်ငံနှင့် မြန်မာအကြား ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းသွားကြောင်း ကုန်သည်များထံမှ သိ ရသည်။ ထိုအခြေအနေကြောင့် ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စံခလဘူရီဒေသအတွင်း ကုန်တင် ယာဉ်ရာနှင့်ချီပြီး စောင့်ဆိုင်းနေရ ကြောင်းလည်း သိရသည်။

“အရင်ကတော့ ဒီစနေနေ့ (ဇွန် ၂၂) မှာ နယ်စပ်ဂိတ်တွေ ပြန်ဖွင့် မဖွင့်သိရမယ်ပြော ကြတယ်။ အခုလည်း ထိုင်းဘက်ကနေ ပြီးခဲ့ တဲ့ ဇွန် ၁၅ ရက်က ၁၀ ရက်အကြာ နယ်စပ် ဂိတ်တွေကို ပိတ်ထားမယ်ပြောလာပြန်တယ်။ အဲဒီတော့ ဇွန် ၂၄ ရက်လောက်မှ နယ်စပ်ဂိတ် တွေက ပြန်ဖွင့်မှာလားဆိုတော့ ဒါကလည်း မသေချာသေးပြန်ဘူးတဲ့။ ဖြစ်ချင်သလိုသာ ဖြစ်နေကြတော့တာပဲ”ဟု ကုန်သည်တစ်ဦးက ပြောကြားသည်။

ဇွန် ၂၂ ရက်က ဘုရားသုံးဆူမြို့ရှိ နယ် စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်မည်ဟု သတင်း များထွက်ပေါ်ခဲ့သော်လည်း ယင်းနယ်စပ်ဂိတ် များ ပြန်လည်ဖွင့်လှစ်ခြင်းမရှိသေးကြောင်း ဘုရားသုံးဆူမြို့ခံများ၏ ပြောကြားချက်အရ သိရသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူနယ် စပ်ဂိတ်အပါအဝင် တရားမဝင်နယ်စပ်ကုန် သွယ်ရေးဂိတ် ၂၂ ခုကိုနားလည်မှုဖြင့် ညှိနှိုင်း ဖွင့်လှစ်ထားပြီး အခြေအနေရ မကြာခဏပိတ် ခြင်း၊ ပြန်ဖွင့်ခြင်းများ လုပ်ဆောင်လေ့ရှိကြောင်း လည်း သိရသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရများမှ တ ရားဝင်ဖွင့်လှစ်ပေးထားသည့် နယ်စပ်ကုန် သွယ်ရေးဂိတ်များမှာ တာချီလိတ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက်၊ ထီးခီး-နမ့်ဖုရော်နှင့် ကော့ သောင်း-ရနောင်း ဂိတ်လေးခုရှိကြောင်း သိရ သည်။

Most Read

Most Recent