MNDAA၊  TNLA ၊ AA နှင့် ၎င်းင်းတို့နှင့်ဆက်နွယ်သည့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ လုပ်ရပ်များကို  လက်မခံဘဲ ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံရေးပါတီ ၂၅ ပါတီ ပူးတွဲထုတ်ပြန်

MNDAA၊  TNLA ၊ AA နှင့် ၎င်းင်းတို့နှင့်ဆက်နွယ်သည့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ လုပ်ရပ်များကို  လက်မခံဘဲ ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံရေးပါတီ ၂၅ ပါတီ ပူးတွဲထုတ်ပြန်
Published 5 August 2024

MNDAA၊ TNLA၊ AA နှင့် ၎င်းင်းတို့နှင့် ဆက်နွယ်သည့် လက်နက်ကိုင်အဖွဲ့အစည်း များ၏ လုပ်ရပ်များကို  လက်မခံဘဲပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံရေးပါတီ ၂၅ ပါတီက သြဂုတ် ရက်တွင် ပူးတွဲ သဘောထား ထုတ်ပြန်သည်။

နိုင်ငံရေးပါတီ ၂၅ ပါတီ၏ ပူးတွဲထုတ် ပြန်ချက်တွင် အကြမ်းဖက်သောင်းကျန်းသူများဖြစ်သည့် MNDAA၊ AA TNLA နှင့် ၎င်းင်းတို့နှင့်ဆက်နွယ်သော လက်နက်ကိုင်အဖွဲ့ အစည်းများသည် သြဂုတ် ရက်တွင် ရှမ်း ပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ အမှတ်()ဆေးရုံခုတင်(၁၀၀)အား လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ ဒရုန်းနှင့် လက်နက်ငယ်မျိုးစုံဖြင့် ဆင်ခြင်မဲ့ရက်စက်ကြမ်းကြုတ်စွာပစ်ခတ်တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း သိရကြောင်း၊ အထက်ဖော်ပြပါ သောင်းကျန်းသူများသည် စစ်ရေးပစ်မှတ်မဟုတ်သော ဆရာဝန်/သူနာပြုအပါအဝင် ဝန်ထမ်းများ၊ အရပ်သူ/ အရပ်သား လူနာများ၊ ကလေးသူငယ်များ၊ ရင်ခွင်ပိုက်ကလေးများ အပါအဝင် အပြစ်မဲ့ ပြည်သူများစွာအား ရက်စက်စွာ အနီးကပ်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ကိုယ်ဝန်ဆောင် မိခင်အပါအဝင် လူနာအချို့အား ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့သည်ဟုသိရကြောင်း၊ ဤဖြစ်ရပ်သည် လူသားမဆန်သည့်ဆိုးဝါးသော အကြမ်းဖက်မှုဖြစ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေကိုလည်းကောင်း၊ ပြည်တွင်းရှိတည်ဆဲဥပဒေများကိုလည်းကောင်း၊ နိုင်ငံတကာလူ့အခွင့်အရေးကြေညာ စာတမ်းပါ အခြေခံလူ့အခွင့်အရေးများကို လည်းကောင်း ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါသောင်းကျန်းသူများနှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများကို အကြမ်းဖက်သောင်း ကျန်းသူများအဖြစ်သတ်မှတ်၍ ပြည်တွင်းဥပဒေများအရ အရေးယူဆောင်ရွက်ပေးရန်နှင့် ပြည်တွင်း၌သာမက နိုင်ငံတကာမှလည်း အကြမ်းဖက်အဖွဲ့အစည်းများ အဖြစ်သတ်မှတ်၍ အရေးယူပိတ်ဆို့ဆောင် ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားသင့်ကြောင်း သုံးသပ်ရရှိကြောင်း၊ သို့ဖြစ်၍ အကြမ်းဖက်သောင်းကျန်းသူများဖြစ်သည့် MNDAA AA TNLA နှင့် ၎င်းင်းတို့နှင့်ဆက်နွယ်သော လက်နက်ကိုင်အဖွဲ့အစည်းများ၏ လူမဆန်စွာအကြမ်းဖက်ရက်စက်ယုတ်မာသည့် လုပ်ရပ်များကို မိမိတို့ နိုင် ငံရေးပါတီများအနေဖြင့် သန်းပေါင်းများစွာသော ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများကိုကိုယ်စားပြု၍ လုံးဝလက်မခံ ပြင်းထန်စွာကန့် ကွက်ရှုတ်ချကြောင်း နိုင်ငံရေးပါတီများကဆိုသည်။

ပူးတွဲသဘောထားထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင် အား စုပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ ချုပ်ပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ မြန်မာနိုင် ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ဒီမိုကရက်တစ်ပါတီ၊ မြို တိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ အမျိုး သားဒီမို ကရေစီပါတီသစ်၊  အမျိုးသားအကျိုးစီးပွား တိုးတက်ရေးပါတီ၊ ခူမီးအမျိုးသားပါတီ၊ အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီ၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ၊

ခေတ်သစ်ပြည်သူ့ပါတီ၊ လေဘာပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည် ထောင်စုမြန်မာနိုင်ငံ)ပါတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ၊ လူထုပါတီ၊ မွန်တိုးတက်ရေးပါတီ၊ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီတို့ဖြစ်သည်။

Most Read

Most Recent