နိုင်ငံတကာလေကြောင်း၊ ရေကြောင်းခရီးစဉ်များနှင့် နယ်စပ် ဝင်/ထွက်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ပြည်ပခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ ပယ်ဖျက်

နိုင်ငံတကာလေကြောင်း၊ ရေကြောင်းခရီးစဉ်များနှင့် နယ်စပ် ဝင်/ထွက်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ပြည်ပခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ ပယ်ဖျက်
Published 3 July 2024

နိုင်ငံတကာ လေကြောင်း၊ ရေကြောင်း ခရီးစဉ်များနှင့် နယ်စပ် ဝင်/ထွက်ဂိတ်များ မှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ပြည် ပခရီးသွားများအတွက် ယခုနှစ် မတ် ၁ ရက်က ထုတ် ပြန်ခဲ့သည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များအား ပယ်ဖျက်လိုက် ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအ သီးသီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်မှု လွှမ်းခြုံမှုမြင့်မားစေရန် ဆောင် ရွက်နိုင်မှုများနှင့် ပြည်သူလူထုအနေဖြင့် ပုံမှန်နေထိုင်မှုပုံစံသစ် new normal setting အား လိုက်နာကျင့်သုံးလာမှုများ ကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုများ သိသာစွာကျဆင်းလာပြီး ခရီးသွားလုပ်ငန်း နှင့် ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ဖြေလျှော့မှုများ ဆောင် ရွက်နိုင်ရန် ကျန်းမာရေးဆိုင်ရာ သတ်မှတ် ချက်များအား ဖြေလျှော့ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထုတ်ပြန်ချက် ပါရှိသည်။

ထို့ကြောင့် မတ် ၁ ရက်က ထုတ်ပြန်ထား သည့် နိုင်ငံတကာ လေကြောင်း ခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များနှင့် နယ်စပ် ဝင်/ထွက် ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက် မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာ ရေးဆိုင်ရာ သတ်မှတ်ချက်များအား ပယ် ဖျက်လိုက်ကြောင်း ကျန်း မာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရှိရသည်။