■ ဆွစ်ဇာလန်၊  ဗားဂတ်စ်နဲ့ အိပ်မက်များဆီသို့

■ ဆွစ်ဇာလန်၊  ဗားဂတ်စ်နဲ့ အိပ်မက်များဆီသို့
Published 5 July 2024
Phoe Thar

ဆွစ်ဇာလန်အသင်းရဲ့ ယူရို-၂၀၂၄ ကွာတားဖိုင်နယ် ဖြတ်သန်းမှုကိုကြည့်မယ်ဆိုရင် ကဏ္ဍပေါင်းစုံမှာ အပြုသဘောဆောင်ခဲ့ပြီး လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် ယူရိုပြိုင်ပွဲအမြင့်ဆုံးစွမ်းဆောင်ရည်မှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာပါ။ ဆွစ်ဇာလန်အသင်းဟာ ယူရို-၂၀၂၄ အုပ်စုပွဲစဉ် (၃)ပွဲနဲ့ ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဉ် (၁)ပွဲယှဉ်ပြိုင်ပြီးချိန်မှာ ရှုံးပွဲလုံးဝမရှိခဲ့ဘဲ (၂) ပွဲနိုင်၊ (၂) ပွဲသရေနဲ့ စွမ်းဆောင်ရည်ကောင်းကိုပြခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ယူရိုပြိုင်ပွဲတစ်ကြိမ်အတွင်း နိုင်ပွဲအများဆုံးနဲ့ ရမှတ်အများဆုံးရယူနိုင်ခြင်းဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် အသင်းလိုက်စုစည်းမှုအားကောင်းတဲ့ ဆွစ်ဇာလန်အသင်းရဲ့ ကစားပုံက အသင်းကြီးတွေအတွက်ပါ ခြောက်ခြားစရာဖြစ်ခဲ့ရပြီး အုပ်စုနောက်ဆုံးပွဲမှာ ဂျာမနီကို (၁-၁)ဂိုးသရေ၊ ရှုံးထွက် (၁၆)သင်း အဆင့်မှာ အီတလီကို (၂-၀)ဂိုးနဲ့ အနိုင်ကစားပြခဲ့တာတွေက သက်သေပါပဲ။

 

Most Read

Most Recent