ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် ၂၀၂၄ ကမ္ဘာ့နဂါးလှေလှော်ချန်ပီယံရှစ်ပြိုင်ပွဲဝင် မြန်မာလှေလှော်အသင်း ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၁ ခု ဆွတ်ခူးရရှိ

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် ၂၀၂၄ ကမ္ဘာ့နဂါးလှေလှော်ချန်ပီယံရှစ်ပြိုင်ပွဲဝင် မြန်မာလှေလှော်အသင်း ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၁ ခု ဆွတ်ခူးရရှိ
Photo: MRCF
Photo: MRCF
Published 4 November 2024

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် ၂၀၂၄ ကမ္ဘာ့နဂါးလှေလှော်ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာလှေလှော်အသင်းသည် ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၁ ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

၂၀၂၄ ကမ္ဘာ့နဂါးလှေလှော်ချန်ပီယံရှစ်ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ ပြူရာတိုပရင်ဆီဇာမြို့တွင် ပြီးခဲ့သည့်အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာလှေလှော်အသင်းသည် ၂၀၂၄ ကမ္ဘာ့နဂါးလှေလှော်ချန်ပီယံရှစ်ပြိုင်ပွဲတွင် အမျိုးသား + အမျိုးသမီး မီတာ (၅၀၀) ၁၀ တက်လှော်တွင် ရွှေတံဆိပ်၊ အမျိုးသား + အမျိုးသမီး မီတာ(၂၀၀) ၁၀ တက်လှော်တွင် ငွေတံဆိပ်ဆုများ ု ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာလှေလှော်အဖွဲ့ချုပ်သည် တရုတ်နိုင်ငံတွင် ကျင်းပမည့် ၂၀၂၅ ကမ္ဘာ့အားကစားပြိုင်ပွဲမှ  နဂါးလှေလှော်ပြိုင်ပွဲအတွက် လက်ရည်စစ်ပွဲများအဖြစ် ၂၀၂၄ ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ရီချန်းမြိုတွင် ပြီးခဲ့သည့် အောက်တိုဘာ(၂၃) ရက်မှ (၂၇) ရက်အထိလည်းကောင်း၊   ၂၀၂၄ ကမ္ဘာ့နဂါးလှေလှော်ချန်ပီယံရှစ်ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ ပြူရာတိုပရင်ဆီဇာမြို့တွင် ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၃ ရက်အထိလည်းကောင်း ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာလှေလှော်အဖွဲ့သည် ပထမလက်ရည်စစ်ပွဲဖြစ်သည့် တရုတ်နိုင်ငံ၊ ရီချန်းမြို့တွင် ကျင်းပသည့်၂၀၂၄ ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ရွှေတံဆိပ်(၅) ခု၊ ငွေတံဆိပ်(၂) ခု ဆွတ်ခူးရရှိခဲ့သည်။

မြန်မာလှေလှော်အဖွဲ့သည် ယင်းပြိုင်ပွဲတွင် အမျိုးအစား(၈) မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ (၇) မျိုးတွင် ဆုတံဆိပ်များဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာလှေလှော်အဖွဲ့သည် ရွှေတံဆိပ်(၅) ခုကို အမျိုးသား မီတာ(၂၀၀) (၈) တက်လှော်၊ အမျိုးသား မီတာ(၅၀၀) (၁၀) တက်လှော်၊ အမျိုးသား မီတာ(၂၀၀၀) (၁၀) တက်လှော်၊ အမျိုးသား+ အမျိုးသမီး မီတာ(၂၀၀) (၈) တက်လှော်၊ အမျိုးသား+ အမျိုးသမီး မီတာ(၅၀၀) (၈) တက်လှော်၊ ငွေတံဆိပ်(၂) ခုကို အမျိုးသား+ အမျိုးသမီး မီတာ(၂၀၀) (၁၀) တက်လှော်၊  အမျိုးသား+ အမျိုးသမီး မီတာ(၂၀၀၀) (၈) တက်လှော်တို့တွင် ရရှိခဲ့သည်။

မြန်မာလှေလှော်အဖွဲ့သည် လက်ရည်စစ်ပြိုင်ပွဲနှစ်ခုပေါင်း ရွှေတံဆိပ်(၆) ခု၊ ငွေတံဆိပ်(၃) ခုရရှိပြီး ၂၀၂၅ ကမ္ဘာ့အားကစားပြိုင်ပွဲမှ နဂါးလှေလှော်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီဖြစ်သည်။