■ ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

■ ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်ပွဲစဉ် ပွဲကြိုသုံးသပ်ချက်
Published 5 July 2024

ကိုလံဘီယာ - ပနားမား (မြန်မာစံတော်ချိန် ဇူလိုင်လ ၇ ရက် နံနက် ၄:၃၀ နာရီ)

အိမ်ရှင် အမေရိကန်အသင်းကို ကျော်ဖြတ်လာတဲ့ ပနားမားအသင်းရဲ့ ကြိုးစားအားထုတ်မှုကိုတော့ အသိအမှတ်ပြုရမယ်။ ပနားမားအသင်း စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိပေမဲ့ ဒီတစ်ခုတည်းနဲ့တော့ လက်ရှိ ကိုလံဘီယာအသင်းကို အဖက်ဖက်က ယှဉ်နိုင်ဖို့ မလွယ်ဘူး။ ကိုလံဘီယာအသင်းမှာ ဟာမီးရိုဒရီဂွက်ဇ်က ငယ်မူငယ်သွေး ပြန်ပြနေပြီး အသင်းလိုက်ဟန်ချက်ပိုင်းမှာလည်း အတော် Balance ညီတဲ့ အနေအထားရှိတယ်။ ပနားမား ခံကန်ကစားဖို့ ကြိုးစားဦးမှာဖြစ်ပေမဲ့ ကိုလံဘီယာပဲ ကြိုက်တယ်။

 

ဥရုဂွေး - ဘရာဇီးလ် (မြန်မာစံတော်ချိန် ဇူလိုင်လ ၇ ရက် နံနက် ၇:၃၀ နာရီ)

ပြီးခဲ့တဲ့အောက်တိုဘာလက ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဥရုဂွေးအသင်းက ဘရာဇီးလ်ကို အိမ်ကွင်းမှာ အနိုင်ကစားပြီး အသည်းခွဲခဲ့တယ်။ အာဂျင်တိုင်းသားနည်းပြ ဘီယဲလ်ဆာ ကိုင်တွယ်နေတဲ့ ဥရုဂွေးအသင်းက အတော်လေးအထိုင်ကျနေပြီး ယုံကြည်မှုလည်း အမြင့်ဆုံးရောက်နေတယ်။ ၀ါရင့်တိုက်စစ်မှူး ဆွာရက်ဇ်ခေတ်လွန် အနာဂတ်တိုက်စစ်ကိုလည်း တည်ဆောက်ထားပြီးပြီ။ ဒီလိုအခြေအနေမှာ ဘရာဇီးလ်အသင်းက အခုမှ တည်ဆောက်ဆဲကာလလို ဖြစ်နေတယ်။ ဒါ့အပြင် အားထားရတဲ့ ဗင်နီစီယပ်စ်ကလည်း ဒီပွဲမှာ ပွဲပယ်ခံထားရလို့ ပိုအားနည်းသွားနိုင်တယ်။ ဥရုဂွေးအသင်းဘက်ကပဲ ရပ်တည်တာ ပိုကောင်းမယ်။

Most Read

Most Recent