ဘယ်လ်ဂျီယံနည်းပြ တယ်ဒက်စကိုကို နည်းပြကောင်းတစ်ယောက်ဟု မထင်ကြောင်း ထရိုဆက်ဒ်၏ ဖခင်ဖြစ်သူ ပြောကြား

ဘယ်လ်ဂျီယံနည်းပြ တယ်ဒက်စကိုကို နည်းပြကောင်းတစ်ယောက်ဟု မထင်ကြောင်း ထရိုဆက်ဒ်၏ ဖခင်ဖြစ်သူ ပြောကြား
Photo: AFP
Photo: AFP
Published 26 June 2024

 

ဘယ်လ်ဂျီယံတိုက်စစ်ကစားသမား ထရိုဆက်ဒ်၏ ဖခင်ဖြစ်သူက ဘယ်လ်ဂျီယံနည်းပြ တယ်ဒက်စကို ကို နည်းပြကောင်းတစ်ယောက်ဟု မထင်ကြောင်း ပြောကြားခဲ့သည်။ 

တယ်ဒက်စကိုသည် ဆလိုဗက်ကီးယားကို ရှုံးနိမ့်ခဲ့သည့်ပွဲ၌ ထရိုဆက်ဒ်ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ပြီး ရိုမေးနီးယားနှင့်ပွဲတွင် လူစားဝင်ကစားသမားအဖြစ်သာ အသုံးပြုခဲ့သည့်အတွက် ဖခင်ဖြစ်သူက ဝေဖန်ပြစ်တင်ခဲ့ခြင်းဖြစ်သည်။ 

"တယ်ဒက်စကိုကို ဘယ်လ်ဂျီယံအတွက် နည်းပြကောင်းလို့ မထင်ပါဘူး။ ထရိုဆက်ဒ် ဝေဖန်ခံရတာက သူ နေရာတွေရွှေ့ပြောင်းပြီး ကစားခဲ့ရလို့ပါ"ဟု ၎င်းက ပြောကြားခဲ့သည်။

Most Read

Most Recent