ဂွါဒီယိုလာနောက်ပိုင်း ပွဲဦးထွက်ပရီးမီးယားလိဂ်အဝေးကွင်း(၃)ပွဲဆက် အနိုင်ရရှိသည့် ပထမဆုံးနည်းပြအဖြစ် မာရက်စကာ မှတ်တမ်းဝင်

ဂွါဒီယိုလာနောက်ပိုင်း ပွဲဦးထွက်ပရီးမီးယားလိဂ်အဝေးကွင်း(၃)ပွဲဆက် အနိုင်ရရှိသည့် ပထမဆုံးနည်းပြအဖြစ် မာရက်စကာ မှတ်တမ်းဝင်
Photo : Getty Images
Photo : Getty Images
Published 23 September 2024

ချယ်လ်ဆီးနည်းပြ မာရက်စကာသည် မန်စီးတီးနည်းပြ ဂွါဒီယိုလာနောက်ပိုင်း ပွဲဦးထွက်ပရီးမီးယားလိဂ် အဝေးကွင်း(၃)ပွဲဆက် အနိုင်ရရှိသည့် ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဝက်စ်ဟမ်းအသင်းကို အဝေးကွင်း၌ (၃-ဝ)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် မာရက်စကာအနေဖြင့် အဆိုပါမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

အီတလီနည်းပြ မာရက်စကာသည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းကို စတင်တာဝန်ယူကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ်(၅)ပွဲယှဉ်ပြိုင်ရာ၌ (၃)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံးနိမ့်ထားသည်။

၎င်းအနေဖြင့် အိမ်ကွင်းနှစ်ပွဲ၌ (၁)ပွဲရှုံး၊ (၁)ပွဲသရေကျခဲ့သော်လည်း အဝေးကွင်း(၃)ပွဲစလုံး ရာနှုန်းပြည့်အနိုင်ရခဲ့ခြင်းဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် အဝေးကွင်း၌ ဝုလ်ဗ်၊ ဘုန်းမောက်နှင့် ဝက်စ်ဟမ်းတို့ကို အနိုင်ရခဲ့ ခြင်းဖြစ်သည်။

မာရက်စကာမတိုင်မီ ပွဲဦးထွက်ပရီးမီးယားလိဂ်အဝေးကွင်း (၃)ပွဲဆက် အနိုင်ရခဲ့သည့် နောက်ဆုံးနည်းပြမှာ ဂွါဒီယိုလာဖြစ်ပြီး ၂၀၁၆-၁၇ ရာသီ၌ စတုတ်၊ မန်ယူနှင့် ဆွမ်ဆီးတို့ကို အနိုင်ရခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်၌ အဝေးကွင်း(၅)ပွဲဆက် အနိုင်ရရှိထားခြင်းမှာ ၂၀၂၁ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent