ရိုဒရီသည် အစားထိုးမရသည့်ကစားသမားဖြစ်သော်လည်း ၎င်းဒဏ်ရာရခြင်းကို ချန်ပီယံလုပွဲတွင် ဆင်ခြေအဖြစ် သုံးမည်မဟုတ်ကြောင်း ဂွါဒီယိုလာ ဆို

ရိုဒရီသည် အစားထိုးမရသည့်ကစားသမားဖြစ်သော်လည်း ၎င်းဒဏ်ရာရခြင်းကို ချန်ပီယံလုပွဲတွင် ဆင်ခြေအဖြစ် သုံးမည်မဟုတ်ကြောင်း ဂွါဒီယိုလာ ဆို
Photos: Sky Sports
Photos: Sky Sports
Published 25 September 2024

 

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ရိုဒရီသည် မိမိတို့အသင်းအတွက် အစားထိုးမရသည့် ကစားသမားဖြစ်သော်လည်း ၎င်းဒဏ်ရာရခြင်းကို ချန်ပီယံလုပွဲတွင် ဆင်ခြေအဖြစ်အသုံးပြုမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 

စပိန်ကွင်းလယ်ကစားသမား ရိုဒရီ(၂၈ နှစ်)သည် ပြီးခဲ့သည့်နှစ်များအတွင်း မန်စီးတီးအသင်းတွင် အဓိက ခြေစွမ်းပြနေသူဖြစ်သည်။ ၎င်းသည် စက်တင်ဘာ (၂၂)ရက်က ကစားခဲ့သည့် အာဆင်နယ်နှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့ပြီး ယခုရာသီကုန်ထိ အနားယူရ ဖွယ်ရှိကြောင်း သိရသည်။ 

မန်စီးတီး နည်းပြ ဂွါဒီယိုလာက ရိုဒရီသည် အစားထိုးမရသည့်ကစားသမားဖြစ်ပြီး ၎င်းကိုကာလရှည်ဆုံးရှုံးရမည်မှာ ထိုးနှက်ချက်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဂွါဒီယိုလာက "ရိုဒရီက အစားထိုးလို့မရတဲ့ ကစားသမားပါ။ အသင်းက အကောင်းဆုံးကစားသမားမပါဘဲ အကြာကြီးကစားရတော့မှာပါ။ ဒါက ကျွန်တော်တို့အတွက် ကြီးမားတဲ့ထိုးနှက်ချက် ဖြစ်ပါတယ်။ ဒါပေမဲ့ ဘောလုံးမှာ ဒါတွေက ဖြစ်တတ်ပြီး အဖြေရှာဖို့က ကျွန်တော့် တာဝန်ပါ။ ရိုဒရီမ ကစားနိုင်တာ ပြဿနာပါ။ ဒါပေမဲ့ အဲဒါကို ဆင်ခြေပေးနေမှာ မဟုတ်ပါဘူး။ ရိုဒရီမပါဘဲ ကျွန်တော်တို့ တိုက်ပွဲဝင်သွားမယ်။ ဒါက စိန်ခေါ်မှုပါ။ လာမယ့် အပတ်မှာ နယူးကာဆယ်ကို အနိုင်ကစားမယ်။ ကျွန်တော် လုပ်နေကျအတိုင်း ဆက်လုပ်မှာပါ" ဟု ဆိုခဲ့သည်။

Most Read

Most Recent