အဇူရီနိုင်ငံတော်နဲ့ မာလ်ဒီနီမျိုးဆက်စီးဆင်းမှု

အဇူရီနိုင်ငံတော်နဲ့ မာလ်ဒီနီမျိုးဆက်စီးဆင်းမှု
Photos: X
Photos: X
Published 12 October 2024
Phoe Thar

ဒန်နီယဲလ်ရဲ့ အောင်မြင်မှုနဲ့အတူ မာလ်ဒီနီမျိုးဆက် (၃)ဆက်စလုံးအီတလီလက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရခြင်းအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့တာပါ။ ဘောလုံးပရိသတ်တွေရဲ့အသည်းကျော် ပေါ်လိုမာလ်ဒီနီဟာ အီတလီလက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲ (၁၂၆)ပွဲကစားပေးခဲ့တဲ့ ဂန္ထဝင်ဖြစ်ခဲ့သလို၊ ပေါ်လိုရဲ့အဖေ ဒန်နီယဲလ်ရဲ့အဖိုးဖြစ်သူ ဆီဆာမာလ်ဒီနီဟာလည်း နိုင်ငံတကာပွဲ (၁၄)ပွဲကစားပေးခဲ့သူပါ။ ဒါကြောင့် ဒန်နီယဲလ်သာ အီတလီလက်ရွေးစင်အသင်းအတွက် ပွဲကစားခွင့်ရခဲ့မယ်ဆိုရင် မာလ်ဒီနီမျိုးဆက်ကတော့ အီတလီဘောလုံးသမိုင်းရဲ့ အခမ်းနားဆုံးပုံရိပ်တစ်ခုအဖြစ် မော်ကွန်းတင်နိုင်ပါလိမ့်မယ်။ ဘောလုံးလောကမှာ သားအဖတွေနိုင်ငံလက်ရွေးစင်အသင်းအတွက် ကိုယ်စားပြုခွင့်ရခြင်းကို မကြာခဏဆိုသလိုမြင်တွေ့ကြားသိခဲ့ရပေမယ့် မျိုးဆက်တစ်ခုလုံးလက်ရွေးစင်ဖြစ်တာကတော့ တကယ်ကိုရှားပါးမှတ်တမ်းပါပဲ။ ဒီအတွက်လည်း ဒန်နီယဲလ်ဟာ အီတလီလက်ရွေးစင်ကစားသမားဘဝခြေလှမ်းအစမှာပဲ ပရိသတ်ရဲ့အာရုံစိုက်မှုကို ရယူနိုင်ခဲ့တာပါ။

 

Most Read

Most Recent