ပွဲစဉ်(၅)အပြီး နိုင်ပွဲမရသေးသည့်အသင်း (၆)သင်းရှိနေခြင်းမှာ ပရီးမီးယားလိဂ်တွင် ပထမဆုံးအဖြစ် မှတ်တမ်းဝင်

ပွဲစဉ်(၅)အပြီး နိုင်ပွဲမရသေးသည့်အသင်း (၆)သင်းရှိနေခြင်းမှာ ပရီးမီးယားလိဂ်တွင် ပထမဆုံးအဖြစ် မှတ်တမ်းဝင်
Photo: Premier League
Photo: Premier League
Published 23 September 2024

ယခုရာသီ ရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပွဲစဉ်(၅)ပွဲပြီးဆုံးချိန်၌ နိုင်ပွဲမရသေးသည့်အသင်း (၆)သင်းအထိ ရှိနေခြင်းမှာ ပြိုင်ပွဲ၏သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

ပရီးမီးယားလိဂ် ပွဲစဉ်(၅)အပြီးတွင် လက်စတာ၊ ခရစ္စတယ်ပဲလေ့စ်၊ အစ်ဝစ်ချ်၊ ဆောက်သမ်တန်၊ အဲဗာတန်နှင့် ဝုလ်ဗ်တို့ နိုင်ပွဲပျောက်နေခြင်းဖြစ်သည်။

ဆောက်သမ်တန်၊ အဲဗာတန်နှင့် ဝုလ်ဗ်တို့မှာ (၁)မှတ်စီသာ ရရှိထားသည့်အတွက် ပရီးမီးယားလိဂ်တွင် ဆက်လက်ရှင်သန်ခွင့်ရရှိရန် ခက်ခက်ခဲခဲရုန်းကန်ရဖွယ်ရှိနေသည်။

ပရီးမီးယားလိဂ်မှ တန်းဆင်းရမည့် အသင်း(၃)သင်းအတွက် အလေးပေးမှုတွင်မူ ဆောက်သမ်တန်၊ လက်စတာ နှင့် အစ်ဝစ်ချ်တို့က ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။

ပွဲစဉ်(၅)အပြီးတွင် ရှုံးပွဲမရှိသေးသည့်အသင်း (၄)သင်းသာရှိတော့ပြီး မန်စီးတီး၊ အာဆင်နယ်၊ ဘရိုက်တန်နှင့် နော်တင်ဟမ်ဖောရက်စ်တို့ဖြစ်သည်။

Most Read

Most Recent