ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခြင်းအတွက် ဂိုးသမား မီနွန်ကို ဘာပေ ချီးကျူး

ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခြင်းအတွက် ဂိုးသမား မီနွန်ကို ဘာပေ ချီးကျူး
Photo: X
Photo: X
Published 8 July 2024

ပြင်သစ်အသင်းခေါင်းဆောင် တိုက်စစ်မှူး ဘာပေက ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်းအတွက် ဂိုးသမား မီနွန်ကို ချီးကျူးခဲ့ကြောင်း သိရသည်။

ပြင်သစ်အသင်းသည် ကွာတားဖိုင်နယ်တွင် ပေါ်တူဂီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး ပြိုင်ဘက်ကစားသမား ဂျော်အိုဖေးလစ် ပယ်နယ်တီလွဲချော်ခဲ့ခြင်းမှာ မီနွန်ကြောင့်ဟု ဆိုခဲ့ခြင်းဖြစ်သည်။

''တိတိကျကျတော့ မရှင်းပြတတ်ပါဘူး။ ဂျော်အိုဖေးလစ် တိုင်ထိခဲ့တာက သူ့ရှေ့မှာ ပယ်နယ်တီကာကွယ်မယ့် ဂိုးသမားတစ်ယောက် ရှိနေတယ်လို့ ထင်တာကြောင့်ပါ။ ကျွန်တော်တို့ရဲ့အောင်မြင်မှုမှာ သူက ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent