အသင်း၏ကစားသမားစာရင်း မပိတ်သိမ်းသေးဟု အက်သလက်တီကိုနည်းပြ ဆီမြွန်နီ ကြုံးဝါးခဲ့ပြီး အပေါင်းလက္ခဏာဆောင်မှုများအတွက် အလုပ်လုပ်နေသည်ဟုဆို

အသင်း၏ကစားသမားစာရင်း မပိတ်သိမ်းသေးဟု အက်သလက်တီကိုနည်းပြ ဆီမြွန်နီ ကြုံးဝါးခဲ့ပြီး အပေါင်းလက္ခဏာဆောင်မှုများအတွက် အလုပ်လုပ်နေသည်ဟုဆို
Photo: Getty Images
Photo: Getty Images
Published 19 August 2024

အက်သလက်တီကိုအသင်း၏ အာဂျင်တီးနားဝါရင့်နည်းပြ ဆီမြွန်နီ  (၅၄ နှစ်)က ယခုရာသီအတွက် အသင်း၏ ကစားသမားစာရင်းမှာ မပိတ်သိမ်းသေးဟု ကြုံးဝါးခဲ့ပြီး မိမိတို့အနေဖြင့် အပေါင်းလက္ခဏာဆောင်မှုများအတွက် အလုပ်လုပ်နေကြောင်း ဗီလာရီးယဲလ်နှင့် လာလီဂါပွဲစဉ်အတွက်ပြုလုပ်ခဲ့သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

အက်သလက်တီကိုအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းမှဝါရင့်ကစားသမားများနှင့် အရန်ကစားသမားများ ထွက်ခွာသွားခဲ့ပြီးနောက် စပိန်နောက်ခံလူ လီနော်မန်၊ နော်ဝေတိုက်စစ်မှူး ဆော်လော့သ်နှင့် အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်တို့ (၃)ဦးအား ယူရိုသန်း (၁၅၀)နီးပါးအသုံးပြု ခေါ်ယူခဲ့ပြီး ချယ်လ်ဆီးအသင်းမှ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ဂယ်လာဂါကိုလည်း ယူရို (၄၂)သန်းဖြင့် ခေါ်ယူရန် ဆွေးနွေးနေကြောင်းသိရ သည်။

ထို့ပြင်အက်သလက်တီကိုအသင်းအနေဖြင့် ဂျော်အိုဖေးလစ်ထွက်ခွာခဲ့ပါက ၎င်းနေရာတွင်းထိုးရန်အတွက် တိုက်စစ်ကစားသမားတစ်ဦးနှင့် နောက်ခံလူတစ်ဦးတို့ကိုလည်း ထပ်မံခေါ်ယူရန် စီစဉ်နေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

အသင်း၏လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး နည်းပြဆီမြွန်နီက  ''အသင်းရဲ့လူစာရင်းက လက်ရှိအချိန်ထိ မပိတ်သိမ်းသေးပါဘူး။ ကျွန်တော်တို့အားလုံး အပေါင်းလက္ခဏာဆောင်မှုတွေအတွက် အလုပ်လုပ်နေပါတယ်။ ကျွန်တော်တို့ ဘယ်အရာတွေကိုပစ်မှတ်ထားနေပြီး ဘယ်အရာတွေကိုအလိုရှိနေလဲဆိုတာကောင်းကောင်းသိပါတယ်'' ဟုပြောကြားခဲ့သည်။

အက်သလက်တီကိုအသင်းသည် ယခုရာသီလာလီဂါပြိုင်ပွဲ၏ ချန်ပီယံရေပန်းစားမှုစာရင်းတွင် အဆင့် (၃)နေရာ၌ ရပ်တည်လျက်ရှိသည်။ 

Most Read

Most Recent