■ စပိန်အသင်းမှ လူငယ်ကစားသမားများကို ဂျာမန်တိုက်စစ်ကစားသမား မူစီယာလာ ချီးကျူး     

■ စပိန်အသင်းမှ လူငယ်ကစားသမားများကို ဂျာမန်တိုက်စစ်ကစားသမား မူစီယာလာ ချီးကျူး     
Photo: Getty Images
Photo: Getty Images
Published 5 July 2024

ဂျာမနီအသင်း၏ တိုက်စစ်ကစားသမား မူစီယာလာက ယူရို-၂၀၂၄ ကွာတားဖိုင်နယ်တွင် ရင်ဆိုင်ရမည့် ပြိုင်ဘက် စပိန်အသင်းမှ လူငယ်ကစားသမားများကို ချီးကျူးပြောကြားမှု ပြုလုပ်ခဲ့သည်။ 

၎င်းက ဆယ်ကျော်သက်ကစားသမား ယမားလ်ကို အဓိကချီးကျူးခဲ့ခြင်းဖြစ်ပြီး မိမိအနေဖြင့် အသက်(၁၆)နှစ်အရွယ်တွင် ယမားလ်ကဲ့သို့ ခန္ဓာကိုယ်ကြံ့ခိုင်မှု မရှိသေးဟုလည်း ဆိုခဲ့သည်။ 

ထို့ပြင် စပိန်အသင်း၌ ယမားလ်အပြင် နီကိုဝီလျံစ်နှင့် ပတ်ဒရီတို့မှာ အန္တရာယ်ပေးနိုင်သည့် လူငယ်များဖြစ်သည်ဟု ဆိုခဲ့သည်။ 

သို့သော် မိမိတို့အသင်းတွင်လည်း အရည်အသွေးမြင့် လူငယ်ကစားသမားများ ရှိနေသည့်အတွက် စပိန်အသင်းကို ရင်ဆိုင်ရန် ယုံကြည်မှုရှိသည်ဟု ပြောကြားခဲ့သည်။

Most Read

Most Recent