ဘောလုံးသည် သေအံ့ဆဲဆဲဖြစ်နေပြီဟု ဘီယဲလ်ဆာ ဆို

ဘောလုံးသည် သေအံ့ဆဲဆဲဖြစ်နေပြီဟု ဘီယဲလ်ဆာ ဆို
Photo : Getty Images
Photo : Getty Images
Published 8 July 2024

ဥရုဂွေးနည်းပြ ဘီယဲလ်ဆာက ဘောလုံးအားကစားသည် သေအံ့ဆဲဆဲဖြစ်နေပြီး ဆွဲဆောင်နိုင်စွမ်း လျော့နည်းသထက် လျော့နည်းလာနေသည်ဟု သုံးသပ်ပြောကြားခဲ့သည်။

အာဂျင်တီးနားလူမျိုး ဘီယဲလ်ဆာသည် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ၌  ဥရုဂွေးအသင်းကို ဆီမီးဖိုင်နယ်အဆင့်သို့ ပို့ဆောင်ပေးထားသူဖြစ်ပြီး ဘောလုံးလောက၌ နည်းဗျူဟာကြွယ်ဝသည့် နည်းပြတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ လည်းဖြစ်သည်။

သို့သော် ၎င်းက ဘောလုံးသည် အားပေးကြည့်ရှုသည့် ပရိသတ်များ တိုးပွားလာနေသော်လည်း ဆွဲဆောင်နိုင်မှုမှာ လျော့ကျလာသည်ဟု သုံးသပ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဖြစ်လာရခြင်းမှာ ဘောလုံးလောကကို ဦးဆောင်နေသူများက စီးပွားရေးကို ဦးစားပေးလာခြင်းနှင့် နည်းပညာအကူအညီများကို ပိုမိုသုံးစွဲလာခြင်းကြောင့်ဖြစ်သည်ဟုလည်း ဆိုခဲ့သည်။

"ပရိသတ်တွေ ဘယ်လောက်ကြည့်ရှုသလဲဆိုတဲ့အချက်နဲ့ စီးပွားရေးကို ပိုအလေးပေးလာပြီး ဘောလုံးရဲ့ အလှအပကို မကာကွယ်ပေးကြပါဘူး။ ဘောလုံးဟာ (၅)မိနစ်စာ Highlights  ကြည့်ရှုရုံမဟုတ်ပါဘူး။ ဘောလုံးက အဲဒီထက်ပိုပါတယ်။ ဘောလုံးပွဲကြည့်တဲ့ ဘောလုံးသမားတွေလည်း နည်းသထက်နည်းလာပါတယ်။ ဒါဟာ စိုးရိမ်စရာ ကောင်းပါတယ်" ဟု ဘီယဲလ်ဆာက ပြောကြားခဲ့သည်။

Most Read

Most Recent