ဒူးအရွတ်ဒဏ်ရာကြောင့် ဘာစီလိုနာလူငယ်ကြယ်ပွင့် မာ့စ်ဘာနယ်လ် ကာလရှည်အနားယူရမည်ဖြစ်ပြီး အဝတ်လဲခန်းအတွင်း မိမိတို့အားလုံးမပျော်ရွှင်ခဲ့ဟု ဟန်ဆီဖလစ်ခ်ဆို

ဒူးအရွတ်ဒဏ်ရာကြောင့် ဘာစီလိုနာလူငယ်ကြယ်ပွင့် မာ့စ်ဘာနယ်လ် ကာလရှည်အနားယူရမည်ဖြစ်ပြီး အဝတ်လဲခန်းအတွင်း မိမိတို့အားလုံးမပျော်ရွှင်ခဲ့ဟု ဟန်ဆီဖလစ်ခ်ဆို
Photo: Getty Images
Photo: Getty Images
Published 29 August 2024

ဘာစီလိုနာအသင်း၏ စပိန် ယူ-၁၇ ကွင်းလယ်လူ မာ့စ်ဘာနယ်လ်သည် သြဂုတ် (၂၈)ရက်နေ့က ယှဉ်ပြိုင်ခဲ့သည့် ဗယ်လက်ကာနိုနှင့်လာလီဂါပွဲစဉ် (၃)တွင် ပြင်းထန်သည့်ဒူးအရွတ်ဒဏ်ရာကိုရရှိခဲ့ပြီး ကာလရှည်အနားယူရမည်ဖြစ်ကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

အသက် (၁၇)နှစ်အရွယ်သာရှိသေးသည့်  လာမာစီယာအကယ်ဒမီထွက်ကစားသမား ဘာနယ်လ်သည်  နည်းပြဟန်ဆီဖလစ်ခ်လက်အောက် ယခုရာသီတွင်မှ ဘာစီလိုနာအသင်းကြီးထံခေါ်ယူခံခဲ့ရသူဖြစ်ပြီး အလားအလာရှိသည့် ဆယ်ကျော်သက်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။

ဘာနယ်လ်သည် ယခုရာသီ ဘာစီလိုနာအသင်း၏ လာလီဂါပွဲစဉ် (၃) ပွဲစလုံးတွင် ပါဝင်ကစားခွင့်ရခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သည့်အတွက် ပရိသတ်များနှင့် မီဒီယာများ၏ အာရုံစိုက်ခြင်းကို ခံနေရသူလည်းဖြစ်သည်။

ဘာနယ်လ်သည် ယင်းပွဲစဉ်၏ နာကျင်အချိန်ပို (၉၀+၇) မိနစ်တွင်မှ ပြင်းထန်သည့်ဒူးအရွတ်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ဘာစီလိုနာအသင်း၏ထုတ်ပြန်ချက်အရ ရက်ပိုင်းအတွင်း ခွဲစိတ်မှုပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ဘာနယ်လ်၏ ဒဏ်ရာအခြေအနေနှင့်ပတ်သက်ပြီး ဟန်ဆီဖလစ်ခ်က ''ဘာနယ်လ်ကြောင့် အဝတ်လဲခန်းထဲမှာ ကျွန်တော်တို့အားလုံးမပျော်ရွှင်ခဲ့ပါဘူး။ အခြေအနေကိုပဲစောင့်ကြည့်သွားရမှာပါ'' ဟုပြောကြားခဲ့သည်။

ထို့ ပြင် ဘာနယ်လ်အတွက် ဘာစီလိုနာအသင်းဖော်များကလည်း ဆုတောင်းစကားများဆိုခဲ့ကြပြီး ဘာနယ်လ်အနေဖြင့် အမြန်ဆုံးပြန်လာနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ကြသည်။

 

Most Read

Most Recent