ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ပျက်စီးကာ ကိုးနှစ်အရွယ်ကလေးငယ်တစ်ဦး ဒဏ်ရာရရှိ

ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ပျက်စီးကာ ကိုးနှစ်အရွယ်ကလေးငယ်တစ်ဦး ဒဏ်ရာရရှိ
Published 29 August 2024
ဘိုဘိုမြင့်

မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင် ကလေးကျေးရွာအတွင်းရှိ နေအိမ်တစ်လုံး ပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ပျက်စီးကာ ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။



သြဂုတ် ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲဝန်းကျင်ခန့်က တောင်ကလေး ကျေးရွာ အတွင်းရှိ ဦးစံမြ ဆိုသူ၏ နေအိမ် ပေါက်သို့ ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ် ကြောင်းနှင့် နေအိမ်ပျက်စီးသွားကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။



၎င်းကဆက်လက်ပြီး “ဦးစံမြရဲ့ သား အသက် (၉) နှစ်အရွယ် နှစ်တန်းကျောင်းသား လေး မောင်ဝင်းကိုကိုရဲ့ ဘယ်ဘက်ခြေ ထောက်မှာ လက်နက်ကြီးကျည်စထိမှန်ဒဏ် ရာရသွားတယ်” ဟု ပြောကြားသည်။



ယခုနှစ် ပထမခြောက်လတာ ကာလ အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေ တတ် သော စစ်ကျန်လက်နက်ပစ္စည်းများကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိခိုက် သေ ဆုံး သူ ၆၉၂ ဦးရှိခဲ့ကြောင်း နှင့် စုစုပေါင်း ထိခိုသေဆုံးသူ၏ ၃၂ ရာခိုင်နှုန်းမှာ ကလေး သူငယ်များ ဖြစ်ကြကြောင်း  Unicef Myanmar မှ ထုတ်ပြန်ထားသည်။



 

Most Read

Most Recent