သံဖြူဇရပ်မြို့နယ် သက္ကောကျေးရွာရှိ လုံခြုံရေးစစ်ဆေးရေးဂိတ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရ

သံဖြူဇရပ်မြို့နယ် သက္ကောကျေးရွာရှိ လုံခြုံရေးစစ်ဆေးရေးဂိတ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရ
Published 29 August 2024
ဘိုဘိုမြင့်

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် သက္ကောကျေးရွာ သံဖြူဇရပ် - အနန်းကွင်း - ဘုရားသုံးဆူ လမ်းဝရှိ လုံခြုံရေး စစ်ဆေးရေးဂိတ်မှာ သြဂုတ် ၂၇ ရက် မွန်းလွဲပိုင်း အချိန်က  Drone ဖြင့် Drop Bomb ချတိုက် ခိုက်ခံခဲ့ရကြောင်း ဒေသခံများ၏ ပြောကြား ချက်များအရ သိရသည်။

သြဂုတ် ၂၇ ရက် မွန်းလွဲ ၁၂ နာရီ ခွဲခန့်က အဆိုပါ သက္ကောကျေးရွာရှိ လုံခြုံရေး စစ်ဆေးရေးဂိတ်ဘက်မှပေါက်ကွဲသံကြား ခဲ့ ရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ Drop Bomb က လုံခြုံရေးဂိတ်အနီးက ရော်ဘာတောထဲကျရောက်ပေါက်ကွဲခဲ့လို့ အဲ့ဒီစစ်ဆေးရေး ဂိတ်မှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှု တွေမရှိဘူးလို့တော့ ကြားသိရတယ်” ဟု ပြော ကြားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့မှ စတင် ကာ အဆိုပါ သံဖြူဇရပ် - အနန်းကွင်း - ဘုရားသုံးဆူကားလမ်း၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ အနန်းကွင်းကျေးရွာရှိ  အနန်းကွင်း ဗျူဟာကုန်းအား KNLA/PDF အဖွဲ့များမှ လာရောက် တိုက်ခိုက်ကြသည့်အတွက်ကြောင့် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွား လျက် ရှိကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် သြဂုတ် ၂၇ ရက်ည ၆ နာရီ ဝန်းကျင်အချိန်ခန့်ကလည်း သံဖြူဇရပ်မြို့ နယ် ကော့လေးရွာ နှင့် ခုနှစ်ဝါရွာအနီးတွင် တပ်မတော်နှင့် KNLA/PDF ပူးပေါင်းအဖွဲ့ များအကြား တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

 

Most Read

Most Recent