ရန်ကုန်အထိုင်စျေး အခြေခံလက်ကားရည်ညွှန်းစျေးနှုန်း စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၆၁၇၀ အထိ မြင့်တက်လာပြီး ယခင်တစ်ပတ်ထက် စားအုန်းဆီတစ်ပိဿာစျေး ၂၂၅ ကျပ် မြင့်တက်

ရန်ကုန်အထိုင်စျေး အခြေခံလက်ကားရည်ညွှန်းစျေးနှုန်း စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၆၁၇၀ အထိ မြင့်တက်လာပြီး ယခင်တစ်ပတ်ထက် စားအုန်းဆီတစ်ပိဿာစျေး ၂၂၅ ကျပ် မြင့်တက်
Published 20 August 2024

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် စျေးကွက်နှင့်စျေးနှုန်းဖြစ်ပေါ်မှုများအရ ရန်ကုန်အထိုင်စျေး စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၆၁၇၀  အထိ မြင့်တက်လာပြီး ယခင်တစ်ပတ်ထက် စားအုန်းဆီ တစ်ပိဿာ စျေး ၂၂၅ ကျပ် မြင့်တက်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် စျေးကွက်နှင့်စျေးနှုန်း ဖြစ်ပေါ်မှုများအရ ရန်ကုန်အထိုင် စျေး အခြေခံလက်ကား ရည်ညွှန်းစျေးနှုန်းအနေဖြင့် သြဂုတ် ၁၉ ရက်မှ သြဂုတ် ၂၅ ရက်အထိ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၆၁၇၀၊ သြဂုတ် ၁၂ ရက်မှ သြဂုတ် ၁၈ ရက်အထိ စားအုန်းဆီ တစ်ပိဿာလျှင် ၅၉၄၅ ကျပ်၊ သြဂုတ် ၅ ရက်မှ သြဂုတ် ၁၁ ရက်အထိ စားအုန်းဆီ တစ်ပိဿာလျှင် ၅၇၈၀ ကျပ်၊ ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၄ ရက်အထိ စားအုန်းဆီ တစ်ပိဿာလျှင် ၅၄၈၅ ကျပ်၊ ဇူလိုင် ၂၂ ရက်မှ ဇူလိုင် ၂၈ ရက်အထိ ကျပ် ၅၄၆၀ ၊ ဇူလိုင် ၁၅ ရက်မှ ဇူလိုင် ၂၁ ရက်အထိ ၅၄၁၅ ကျပ်၊ ဇူလိုင် ၈ ရက်မှ ဇူလိုင် ၁၄ ရက်အထိ ကျပ် ၅၃၉၀ ၊ ဇူလိုင် ၁ ရက်မှ ဇူလိုင် ၇ ရက်အထိ ရန်ကုန်အထိုင်စျေး အခြေခံလက်ကား ရည်ညွှန်းစျေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅၃၈၅ ကျပ် ဖြစ်သည်။

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့စျေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ် သင့်ဖြစ် ထိုက်သည့်စျေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ် တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB စျေးနှုန်းများကို နေ့စဉ်စောင့်ကြည့် ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းစျေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းစျေးနှုန်းကို ထုတ်ပြန်ပေး လျက်ရှိသည်။

သင်္ကြန်ကျော်ကာလမှ လက်ရှိအချိန်အထိ  ရန်ကုန်အထိုင်စျေး အခြေခံလက်ကား ရည်ညွှန်းစျေးများအနေဖြင့် ၂၀၂၄ ခုနှစ် ဧပြီ ၂၂ ရက်မှ ဧပြီ ၂၈ ရက်အထိ ရန်ကုန်အထိုင်စျေး အခြေခံလက်ကား ရည်ညွှန်းစျေးနှုန်းမှာ စား အုန်းဆီ တစ်ပိဿာလျှင် ကျပ် ၅၃၄၀၊ မေ ၁၃ ရက်မှ မေ ၁၉ ရက်အထိ ရန်ကုန်အထိုင်စျေး အခြေခံ လက်ကားရည်ညွှန်းစျေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၅၂၂၀၊ မေ ၂၀ ရက်မှ မေ ၂၆ ရက်အထိ ရန်ကုန်အထိုင်စျေး အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၅၂၀၀၊ မေ ၂၇ ရက်မှ ဇွန် ၂ ရက်အထိ ရန်ကုန်အထိုင်စျေး အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၅၂၇၀ ဖြစ်သည်။

ထို့ပြင် ပြည်တွင်းစျေးကွက်အတွင်း  စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

အခြေခံလက်ကား ရည်ညွှန်းစျေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ website:www. doca.com ၊ facebook page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ facebook page တွင် ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။

Most Read

Most Recent